– —သူဟာ 2PM၊ 2AM အဖွဲ့တွေနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့ပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့…
JYP Entertainemnt ရဲ့ သင်တန်းသားဟောင်း KilliAN ကတော့ သူ့ရဲ့ ဆွေးမြေ့ဖွယ်ပုံပြင်ကို ပြန်ပြောင်း ဖွင့်ဟခဲ့တာပါ။
KilliAN ဟာ အလယ်တန်းကျောင်းသားဘဝတုန်းက JYP ရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရပါတယ်။ KilliAN ဟာ JYPE ကိုသွားဖို့ကို မိဘတွေနဲ့ အတိုက်အခံတော်တော်လေး ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ JYPE မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း PM၊ 2AM အဖွဲ့တွေနဲ့ ပွဲထွက်ဖို့ ပြင်ဆင်နေခဲ့တာပါ။ ဒါပေမဲ့ သူ့အနေနဲ့ Gay တစ်ဦးနဲ့ ချစ်ကြိုက်မိခဲ့လို့ JYPE ကနေ ကန်ထုတ်ခံခဲ့ရပါတယ်။
“ကျွန်တော်က Gay ပါ။ အဲဒီအချိန်တုန်းက ကိုရီးယားမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး တင်းကြပ်ထားပါတယ်။ ဒါကြောင့် အေဂျင်စီက ကျွန်တော့်ကို ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါက ဖြစ်ခဲ့တာ တော်တော်ကြာပါပြီ၊ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အခုမှ ပထမဆုံးအကြိမ် ထုတ်ပြောဖြစ်ခဲ့တာပါ”လို့ KilliAN က ဖွင့်ဟခဲ့ပါတယ်။
-Ref: Koreaboo