K pop

■ Baekhyun ရဲ့ မထိတ်သာ…မလန့်သာ စကားတစ်ခွန်းကြောင့် EXO-L တွေ ပွဲကျခဲ့ရစဉ်က

– – -Sehun နဲ့ ပတ်သက်ပြီး Baekhyun ပြောချလိုက်ပုံက မထိတ်သာ မလန့်သာဖြစ်ပြီး ဒါက EXO-L တွေကြားမှာ အမြဲတမ်း အမှတ်ရစရာ ဖြစ်နေတာပါ။

EXO အဖွဲ့ဝင် Baekhyun ဟာ နောက်နောက်ပြောင်ပြောင်၊ ပျော်ပျော်ရွှင်ရွင်နဲ့ နေတတ်သူတစ်ယောက်ဆိုတာ EXO-L တွေအားလုံး သိပြီးသားပါ။ ဒါကြောင့်လည်း Baekhyun ဟာ EXO-L တွေရဲ့နှလုံးသားကို အမြဲတမ်း သိမ်းပိုက်နိုင်ခဲ့သူပါ။

၂၀၁၇ ခုနှစ်တုန်းက JTBC ရဲ့ Knowing Bros အစီအစဉ်မှာ EXO အဖွဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ Knowing Bros ရဲ့ ထုံးစံအတိုင်း EXO အဖွဲ့ဝင်တွေနဲ့ Knowing Bros အစီအစဉ်တင်ဆက်သူတွေဟာ ပျော်ပျော်ရွှင်ရွင်နဲ့ စကားတွေ ဖောင်ဖွဲ့ပြောခဲ့တာပါ။

အဲဒီမှာ Baekhyun ရဲ့စကားတစ်ခွန်းက အားလုံးကို ပွဲကျသွားစေခဲ့တာ ဖြစ်ပါတယ်။ EXO အဖွဲ့ထဲမှာ ယောက်ျားလေးတွေတောင် မနာလိုချင်စရာကောင်းလောက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ပိုင်ဆိုင်ထားတာ ဘယ်အဖွဲ့ဝင်လဲလို့ မေးမြန်းခဲ့ကြတာပါ။

အဲဒီမှာ Baekhyun က Sehun လို့ ဖြေခဲ့တာပါ။ အဲဒီနောက် Knowing Bros အစီအစဉ်တင်ဆက်သူတွေက Sehun ဟာ ပခုံးကျယ်လို့လားလို့ မေးခဲ့ရာမှာတော့ Baekhyun က အားလုံး အံ့အားသင့်သွားစေမယ့် မထိတ်သာ၊ မလန့်သာ စကားတစ်ခွန်းကို ဆိုခဲ့တာပါ။

“ယောက်ျားလေးတွေဟာ နှာခေါင်းကြီးသင့်တယ်ဆိုတဲ့ ဆိုးရိုးရှိတယ်မလား”လို့ Baekhyun က ပြန်ဖြေခဲ့တာပါ။ အဲဒီမှာ အားလုံးက ခွက်ထိုးခွက်လန် ရယ်ခဲ့ကြပြီး ပွဲကျခဲ့ရတာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page