— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ ဇူလိုင်လ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…
Korean Business Research Institute က ထုတ်ပြန်တဲ့ ဇူလိုင်လ Singer Brand Reputation Rankings မှာတော့ ပြီးခဲ့တဲ့ ဇွန်လအတိုင်း BTS ၊ Trot Singer Lim Young Woong နဲ့ aespa တို့က ထိပ်ဆုံးမှာရပ်တည်ခဲ့ကြပါတယ်။
Korean Business Research Institute ဟာ ဇွန်လ 24ရက်နေ့ကကနေ ဇူလိုင်လ 24ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက် အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (13,919,443) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ Trot Singer Lim Young Woong က Reputation Index (11,626,270) ရရှိခဲ့သလို aespa အဖွဲ့ က Reputation Index (6,373,217) ရရှိခဲ့ကာ နံပါတ် (3)မှာရပ်တည်ခဲ့ပါတယ်။
ဇူလိုင်လအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
1# BTS ၊ 2# Lim Young Woong ၊ 3# aespa ၊ 4# Brave Girls ၊ 5# Lee Chan Won ၊ 6# Big Mama ၊ 7# IU ၊ 8# BLACKPINK ၊ 9# Red Velvet’s Joy ၊ 10# NCT
11# EXO ၊ 12# Young Tak ၊ 13# LABOUM ၊ 14# Lee Moo Jin ၊ 15# SEVENTEEN ၊ 16# Wonstein ၊ 17# TWICE ၊ 18# SG Wannabe ၊ 19# Na Hoon Ah ၊ 20# Oh My Girl
21# Kang Daniel ၊ 22# Jeong Dong Won ၊ 23# Lee Seung Yoon ၊ 24# Lee Seung Gi ၊ 25# Girls’ Generation’s Taeyeon ၊ 26# Kim Hee Jae ၊ 27# MAMAMOO ၊ 28# Red Velvet ၊ 29# Naul ၊ 30# Sung Si Kyung
-m2t
Ref: Soompi