— BLINK တွေ မျှော်လင့်နေတဲ့ Lisa ရဲ့ Solo Debut ဟာ မကြာခင် လာပါတော့မယ်…
BLACKPINK အဖွဲ့ဝင် Rosé ဟာ Maknae လေး Lisa ရဲ့ Solo Debut Music Video ရိုက်ကွင်းဆီ Coffee Truck ပို့ပေးပြီး အားပေးခဲ့ပါတယ်။
Rosé အနေနဲ့ Lisa ထံ Coffee Truck ပို့ပေးတဲ့အကြောင်းကို Coffee Truck လုပ်ငန်း Haeridan ရဲ့ Instagram အကောင့်မှာတင်ထားတာကို BLINK တွေက ရှာဖွေတွေ့ရှိခဲ့ကြပြီး ဓါတ်ပုံတွေကို လူမှု ကွန်ရက်မှာ ပျံ့နှံ့စေခဲ့တာဖြစ်ပါတယ်။
Rosé ဟာ Lisa ထံ Coffee Truck အပြင် “Nallalisa, Longdalisa, Lalalalisa, I love you.” ဆိုပြီး တော့လည်း ရေးထားခဲ့ပါတယ်။ Nallalisa ဆိုတာ Jisoo ပေးထားတဲ့ Lisa ရဲ့ Nick Name ဖြစ်ပြီး Longdalisa ဆိုတဲ့ အဓိပ္ပါယ်က ခြေတံရှည် Lisa ဖြစ်ပါတယ်။ Lalalalisa ကတော့ Lisa ရဲ့ Instagram အကောင့်နာမည်ဖြစ်ပါတယ်။
နောက်ပြီး Rosé ဟာ Coffee Truck မှာ Banner အနေနဲ့လည်း “ Lisa … Churros တွေ အများကြီး စားပြီး ကင်မရာတည့်တည့်ကြည့်ပြီး အလုပ်လုပ်ပါ။ သန်မာနေပါစေ…I Love You။ အလုပ်တွေကြိုး စားပေးတဲ့ ဝန်ထမ်းအားလုံးလည်း ဒီ Churros တွေစားပြီး ဖိုက်တင်းပါ။ ဒါရိုက်တာ Seo…ဖိုက်တင်း။ သတိရတယ်…ဒါရိုက်တာ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။
ဒါရိုက်တာဆိုတာဟာ 2NE1 နဲ့ BIGBANG တို့ရဲ့ သီချင်းတွေကို ပုံဖော်ခဲ့တဲ့သူဖြစ်သလို BLACKPINK အဖွဲ့ရဲ့ ‘Boombayah’ နဲ့ ‘Lovesick Girls’ တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Seo Hyunseung ဖြစ်ပါ တယ်။
-m2t
Ref: Kstarlive