Articles

■ EXO Vocal King Baekhyun ကို မကြွေပဲမနေနိုင်တဲ့ အချက်များ

—- EXO-L တွေရဲ့ အသည်းကျော် Baekhyun ရဲ့ Talent အကြောင်းပြောမယ်ဆိုရင် ညတာရှည် သွားပါလိမ့်မယ်။ ဒါကြောင့်ကို Baekhyun ကို Voice Of An Angel လို့ပဲ မှတ်လိုက်ကြပါစို့။ နောက် ပြီး သူ့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်လေးတွေကို ဖော်ပြချင်ပြီး EXO-L တွေ မကြွေဘဲမနေ နိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

1) SM ကို မရောက်ခင်ကတည်းက အဆိုတော်ဖြစ်ခဲ့သူ

အချို့ K-pop Idol တွေဟာ အေဂျင်စီကို မရောက်ခင်မှာ အဆိုစွမ်းရည်၊ အကစွမ်းရည်နဲ့ပတ်သက်ပြီး လုံလောက်တဲ့လေ့ကျင့်မှု၊ အတွေ့အကြုံတွေမရှိကြပါဘူး။ ဒါပေမဲ့ Baekhyun ကတော့ SM မရောက် ခင်ကတည်းက မွေးရာပါအရည်အချင်းနဲ့ အဆိုစွမ်းရည်ပြည့်ဝခဲ့သူလို့ဆိုရမှာပါ။ ငယ်စဉ်ကတည်းက Unconscious State လို့ခေါ်တဲ့ ကျောင်း Band ရဲ့ Vocalist တစ်ဦးဖြစ်ခဲ့သလို ထင်ပေါ်ခဲ့သူလည်းဖြစ် ပါတယ်။

2) အစားသောက်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အကျင့်ရှိသူ

Baekhyun ဟာ သခွားသီးနဲ့ပတ်သက်ပြီး မုန်းတီးသူဆိုတာ EXO-L တွေသိမယ်လို့ ထင်ပါတယ်။ သူဟာ သခွာသီးကို လုံးဝမစားသလို သခွာသီးနဲ့ပတ်သက်တဲ့အရာမှန်သမျှ ရှောင်လေ့ရှိပြီး အနံ့ကို တောင် မကြိုက်သူပါ။ ဒါပေမဲ့ Baekhyun ဟာ သခွာသီးဆားစိမ်ကိုတော့ နှစ်သက်သူပါ။

3) သီချင်းမဆိုခင် အစာစားလေ့ရှိသူ

Baekhyun မှာ ထူးဆန်းတဲ့အကျင့်လေးတစ်ခုရှိပါတယ်။ သီချင်းမဆိုခင် အစားအစာတစ်ခုခုစားတာပဲ ဖြစ်ပါတယ်။ သူဟာ ဖျော်ဖြေတာပဲဖြစ်ဖြစ် အသံသွင်းတာပဲဖြစ်ဖြစ် မစခင်မှာ အားအင်ဖြစ်အောင် အ စာစားတတ်တဲ့အကျင့်လေးရှိတာပါ။ ဒါမှ အားအင်ပြည့်ပြီး အကောင်းဆုံးလုပ်နိုင်တယ်ဆိုပြီး ယုံကြည် တာဖြစ်ပါတယ်။ ဒါပေမဲ့ Baekhyun ဟာ အရမ်းစပ်လွန်း၊ ချိုလွန်းတဲ့အစာတွေ မစားပါဘူး။

4) ချစ်စရာကောင်းတဲ့ မွေးရာပါ မှဲ့များ

Baekhyun မှာ ချစ်စရာကောင်းတဲ့ မွေးရာပါမှဲ့တွေလည်း ရှိပါတယ်။ သူ့ရဲ့ ညာဘက်အပေါ်နှုတ်ခမ်း ပေါ်က မှဲ့ နဲ့ ဘယ်ဘက်လက်မပေါ်က မှဲ့လေးတွေဟာ EXO-L တွေအကြားထင်ရှားပြီး “Choco-chip” လို့လည်း နာမည်ပြောင်ခေါ်ဝေါ်ခံခဲ့ရသူပါ။

5) ခန့်မှန်းထားတာထက် မတူတဲ့ ပုဂ္ဂိုလ်ရေး

Baekhyun ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းကို သေချာမသိတဲ့ ပရိသတ်အချို့ဟာ တီဗီဖန်သားပြင်နဲ့ အနု ပညာလှုပ်ရှားမှုအချို့မှာ Baekhyun ကို မြင်ရင် လူမှုရေးအလွန်ကောင်းပြီး ဘွင်းဘွင်းပျော်ပျော် သမားလို့ပဲ ထင်ပါလိမ့်မယ်။ တကယ်တော့ Baekhyun ရဲ့ MBTI Type က ISFP ဖြစ်ပါတယ်။ ဘာကို ဆိုလိုတာလည်းဆိုတော့ စိတ်ထဲမြိုသိပ်တတ်တဲ့သူလို့ဆိုတာဖြစ်ပါတယ်။ အပြင်ထွက်ဖို့ထက် အိမ် တွင်းအောင်းရတာ သဘောကျသူပါ။ ဒါပေမဲ့ EXO-L တွေရှေ့မှာဆိုရင် ဟန်ဆောင်မှုကင်းတတ်သူဖြစ် ပါတယ်။

6) ကွဲပြားတဲ့ Stage Name ရဖို့ နီးစပ်ခဲ့သူ

အရင်တုန်းက SM Founder Lee Sooman ဟာ Idol တွေကို စိတ်ဝင်စားစရာကောင်းတဲ့ Stage Name တွေ ပေးတတ်တာ ပရိသတ်တွေသိမယ်လို့ ထင်ပါတယ်။ Baekhyun ဟာလည်း “Gwanwoo” ဆိုတဲ့ Stage Name ရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ Debut လုပ်တော့ Baekhyun က သူ့နာမည်ရင်းကို ပဲ Stage Name ယူခဲ့တာဖြစ်ပါတယ်။

7) ကတိပေး၊ ဆုံးဖြတ်ထားရင် ဖြစ်အောင် လုပ်တတ်သူ

Baekhyun ဟာ ကတိပေး၊ ဆုံးဖြတ်ထားရင် မဖြစ်ဖြစ်အောင်လုပ်တတ်သူဆိုတာ EXO-L တွေအား လုံးသိပါတယ်။ အရင်တုန်းက 3 လခန့် ဂဏန်းမစားဘူးဆိုပြီး EXO-L တွေ ကတိပေးခဲ့ပါတယ်။ ဘာ လို့လည်းဆိုတော့ သူ့ရဲ့ abs ကို ပြသချင်လို့ပါတဲ့။ တကယ်လည်း Baekhyun ဟာ သူ့ရဲ့ကတိကို တည်အောင်လုပ်ခဲ့သူပါ။

-m2t
Ref: Koreaboo

 

You cannot copy content of this page