Cele

■ ဆံပင်တိုတိုလေးနဲ့ မပြောင်းလဲသေးတဲ့ အလှကို ပြသခဲ့တဲ့ မမ

— – – ၄၀ ဆိုတာ မအတွက်တော့ ကိန်းဂဏာန်းသက်သက်ပဲလို့ ဆိုရမလို …

ကမ္ဘာကျော် မင်းသမီး Jun Ji Hyun ဟာ ကိုရီးယားရဲ့ အလှဆုံးမင်းသမီးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး အခုဆိုရင် အသက် (၄၀)ကျော်နေပြီ ဖြစ်ပါတယ်။

Netflix Korea က သူတို့ရဲ့ IG မှာ ဆံပင်တိုတိုလေးနဲ့ Jun Ji Hyun ရဲ့ ပုံတွေကို တင်ခဲ့ရာမှာတော့ ပရိသတ်တွေအကြား အရမ်းကို ရေပန်းစားနေတာပါ။

အနက်ရောင်ဝတ်စုံနဲ့ Jun Ji Hyun ရဲ့ မပြောင်းလဲတဲ့ အလှအပနဲ့ ဆွဲဆောင်မှုဟာ အရင်လို ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ် အနေအထားကလည်း အမျိုးသမီးတိုင်း အားကျရတဲ့ ကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာ မင်းသမီးအဖြစ် စတင်ပွဲထွက်ခဲ့တဲ့ Jun Ji Hyun ဟာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေ အပြင် ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေအကြား နာမည်ရသူဖြစ်ပြီး

ကလေး (၂)ယောက် ရှိတာကြောင့် အခုအချိန်ထိ လှပနေဆဲဆိုတာ အခုဓာတ်ပုံတွေက သက်သေပါပဲ။

Source: Insight

You cannot copy content of this page