— – – အချစ်ခံလူသားနှစ်ယောက်ထဲမှာ Haha ဖြစ်ချင်တဲ့သူကတော့ …
ကိုရီးယားရဲ့ နာမည်ကျော် Entertainer တစ်ဦးဖြစ်တဲ့ Haha ဟာ YouTube channel MIC SWAGGER မှာ ပါဝင်ခဲ့ပြီး “balance game” လို့ ခေါ်တဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေတဲ့ ဂိမ်းစ်ကို ကစားခဲ့ပါတယ်။
အဲဒီမှာ ပရိသတ်တစ်ယောက်က “တကယ်လို့ မင်းသာ ပြန်လည်မွေးဖွားလာမယ်ဆိုရင် G-Dragon ဖြစ်ချင်သလား၊ ဒါမှမဟုတ် Yoo Jae Suk ဖြစ်ချင်သလား”လို့ မေးမြန်းခဲ့ပါတယ်။
Haha က အဲဒီမေးခွန်းကို သူ့အနေနဲ့ ပြန်လည်မွေးဖွားခဲ့မယ်ဆိုရင် BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon အဖြစ်သာ နေချင်တယ်လို့ ပြန်ဖြေခဲ့တာပါ။
သူက “GD. GD. G-Dragon. Kwon Ji Yong ပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပေးစရာ အကြောင်းပြချက်တွေ များစွာရှိပါတယ်။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ Yoo Jae Suk လို မနေနိုင်လို့ပါ။
ကျွန်တော့်အနေနဲ့ GD လို နေနိုင်တယ်လို့လည်း ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ Yoo Jae Suk လိုမျိုးတော့ ဘယ်သူမှ နေနိုင်မယ် မထင်ပါဘူး။ Yoo Jae Suk က နံနက် (၆)နာရီ အိပ်ယာထတယ်။ ပြီးတော့ သတင်းစာဖတ်တယ်။ ပြီးရင် baduk (Korean board game) ကစားတယ်။
ပြီးရင် သူက (၃)နာရီလောက် လေ့ကျင့်ခန်း လုပ်တယ်။ လေ့ကျင့်ခန်းလုပ်ပြီးတော့ လေ့လာပြန်တယ်။ သူက အင်္ဂလိပ်စာနဲ့ တရုတ်ဂန္ထဝင်စာပေတွေကိုတောင် လေ့လာနေတယ်”လို့ ဆိုပါတယ်။
Source: Insight and Image