K pop

■ ဘဝမှာ လုပ်ခဲ့တဲ့ အရေးပါဆုံးအရာ(၃)ခုကို Yuri ဖွင့်ဟ

— – – ဘာမှပြောစရာမလိုအောင် အဖြေတွေက ထင်ရှားနေပြီးသားပါ …

Girls’ Generation အဖွဲ့ဝင် Yuri ဟာ Bossam: Steal The Fate ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကမှာ နာမည်ပိုပြီး ကျော်ကြားလာတာကို ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။

Yuri ဟာ သရုပ်ဆောင်လောကကို မဝင်ရောက်ခင်ကတည်းက K-Pop ရဲ့ ထာဝရအကောင်းဆုံးအမျိုးသမီး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့နဲ့အတူ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

Allure magazine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Yuri က သူမရဲ့ ဘဝမှာ လုပ်ဆောင်ခဲ့တဲ့ အရေးပါဆုံးအရာ (၃)ခုကို ပြောပြခဲ့သလို၊ အလန်းစားဓာတ်ပုံတွေကိုလည်း အဲဒီမဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့တာပါ။

Yuri က “ကျွန်မဘဝမှာ လုပ်ဆောင်ခဲ့တဲ့ အရေးပါဆုံးအရာ (၃)ခုကတော့ မွေးဖွားလာတာရယ်၊ Girls’ Generation အဖွဲ့ဝင် ဖြစ်ခွင့်ရတာရယ်နဲ့ Bossam: Steal the Fate ဇာတ်လမ်းတွဲကို ရိုက်ကူးခွင့်ရခဲ့တာတွေပဲ ဖြစ်ပါတယ်။

များစွာ စဉ်းစားပြီးတဲ့နောက်မှာ Bossam: Steal the Fate မှာ ကျွန်မ လက်ခံခဲ့တဲ့ အကောင်းဆုံးဇာတ်လမ်းတွဲဖြစ်ပြီး ကျွန်မ လိုချင်တဲ့အဖြေကို ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲတစ်လျှောက် ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

ပြီးတော့ Bossam: Steal the Fate က ကျွန်မအတွက် အရမ်းကို တန်ဖိုးရှိပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ကျွန်မကို ခွန်အားသစ်တွေပေးတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Source: Star Today

You cannot copy content of this page