— – – မိန်းကလေးတော်တော်များများကတော့ YoonA လိုပဲ ဖြစ်မှာပါ …
Girls’ Generation အဖွဲ့ဝင် YoonA ဟာ World-class Visual တစ်ဦးဖြစ်ပြီး ဆံပင်အတိုပဲ ထားထား၊ အရှည်ပဲ ထားထား၊ မတိုမရှည်ပဲ ထားထား ဘယ်လိုလိုနေနေ ကြည့်ကောင်းတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
Y Noblesse Korea အတွက် အလှဓာတ်ပုံတွေ ပြုလုပ်ရင်း ရိုက်ကူးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ YoonA အနေနဲ့ ဆံပင်အတိုထားရတာကို ကြိုက်သလား၊ ဒါမှမဟုတ် အရှည်ထားရတာကို ကြိုက်သလားလို့ မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကို YoonA က “ဒီမေးခွန်းက ဖြေရအရမ်းခက်ပါတယ်။ တကယ်လို့ ကျွန်မ ဆံပင်အတိုထားတဲ့ အချိန်တွေဆိုရင် ဆံပင်အရှည်ဖြစ်စေချင်တယ်။ တကယ်လို့ ဆံပင်အရှည်ထားတဲ့အခါကျတော့ ဆံပင်အတို ဖြစ်ချင်ပြန်ရော။
တကယ်လို့ ဆံပင်အရမ်းတိုနေတဲ့အခါမျိုးကျတော့ ကျောထိဆံပင်ပုံစံမျိုးကို လိုချင်လာရော။ အခုကတော့ ကျောထိ ဆံပင်ပုံစံမျိုး လိုချင်နေတာပေါ့နော်။
ဒါပေမဲ့ အခုက ဆံပင်က တိုနေတာဆိုတော့ ဆံပင်အရှည်ကို ပြန်လိုချင်ပါတယ်”လို့ ဖြေခဲ့တာပါ။
Ref: Koreaboo