K pop

■ Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးအပေါ် တရုတ်ရဲတွေရဲ့ ထုတ်ပြန်ချက်

— – – ဒီနှစ်ရဲ့ Big Issue လို့ဆိုရမယ့် Kris Wu နဲ့ Du Meizhu တို့ရဲ့ အမှန်တကယ်ဆက်ဆံရေးကတော့ …

လတ်တလော ပေါ်ပေါက်နေတဲ့ EXO အဖွဲ့ဝင်ဟောင်း Kris Wu ရဲ့ အရှုပ်အထွေးကို တရုတ်ရဲတွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လက်ရှိမှာတော့ သူတို့တွေ့ရှိထားတဲ့ အချက်တွေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်ရာမှာ တရုတ်ရဲတွေက Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးကို ကနဦး ဖော်ပြပြီး သူတို့ဟာ အတူတူအိပ်ခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။ တရုတ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

“၂၀၂၀ ဒီဇင်ဘာ (၅)ရက်နေ့၊ ည (၁၀) နာရီမှာ Kris Wu (၃၀ နှစ်)ရဲ့ အရင်တုန်းက မန်နေဂျာဖြစ်သူ Feng (၂၈ နှစ်)ဟာ Music Video ရိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Du Meizhu (၁၈ နှစ်)ကို Kris Wu ရဲ့အိမ်ကို ဖိတ်ကြားခဲ့ပါတယ်။ Kris Wu ရဲ့အိမ်မှာ လူ(၁၀)ယောက်လောက်ဟာ ဂိမ်းစ်တွေ ကစားပြီး အဲဒီညမှာ သောက်စားခဲ့ကြပါတယ်။

သူတို့ဟာ နောက်နေ့ နံနက် (၇)နာရီလောက်အထိ သောက်စားခဲ့ကြတာဖြစ်ပြီး တခြားလူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာခဲ့ကြပါတယ်။ စားသောက်ပြီးတဲ့အချိန်မှာတော့ Du Meizhu ဟာ Kris Wu ရဲ့ အိမ်မှာ နေခဲ့ပြီး သူတို့ဟာ အတူတူအိပ်ခဲ့ကြပါတယ်(ဟဝှာ လုပ်ခဲ့ကြတယ်ပေါ့)။

နောက်နေ့ နေ့လယ်မှာတော့ Du Meizhu ဟာ Kris Wu ရဲ့ အိပ်မှာ နေ့လယ်စာစားခဲ့ပြီး အဲဒီနောက်မှာတော့ သူတို့ဟာ We Chat မှာ Add ခဲ့ကြတာပါ။ ဒီဇင်ဘာ (၈) ရက်မှာတော့ Kris Wu က Du Meizhu ကို အွန်လိုင်း Shopping လုပ်ဖို့ဆိုပြီး 32,000 CNY ($4946 USD) လွဲှပေးခဲ့ပါတယ်။

အဲဒီကတည်းက သူတို့ဟာ ၂၀၂၁ ဧပြီလအထိ We Chat မှာ အဆက်အသွယ်ရှိခဲ့ကြတာပါ”လို့ ရဲတပ်ဖွဲ့က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Kris Wu က Du Meizhu ရဲ့ စွပ်စွဲချက်တွေကို အစတုန်းက ငြင်းခဲ့ပေမဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တော်တော်များများကတော့ သူနဲ့ လက်တွဲထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းခဲ့တာပါ။

Source: Weibo

You cannot copy content of this page