K pop

■ Kris Wu နဲ့ Du Meizhu သတင်းကို ဘယ်သူ စဖြန့်ခဲ့သလဲ ?

— – – Kris Wu နဲ့ Du Meizhu ပြဿနာမှာ မွှေခဲ့တဲ့ တစ်ယောက်သပ်သပ် ရှိနေတာပါ။ သူကတော့ …

လက်ရှိ တရုတ်ရဲတွေ စုံစမ်းစစ်ဆေးနေတဲ့ နာမည်ကျော် တရုတ်အဆိုတော်၊ မင်းသား Kris Wu နဲ့ Du Meizhu တို့ရဲ့ ပြဿနာကို ပရိသတ်တွေ အကြမ်းဖျင်းလောက်တော့ သိပြီးဖြစ်ပါလိမ့်မယ်။

ဒီပြဿနာတွေက ဘယ်ကစပါသလဲ။ Kris Wu နဲ့ Du Meizhu တွေ့ဆုံပြီး လအနည်းငယ်အကြာမှာ ဒီပြဿနာ ပေါ်ပေါက်လာတာဖြစ်ပြီး အဓိကစခဲ့သူကတော့ Du Meizhu ရဲ့ သူငယ်ချင်းဖြစ်တဲ့ Liu ဆိုတဲ့ အသက် (၁၉)နှစ်အရွယ် ကောင်မလေးပါ။

Liu က Liu Meili ဆိုတဲ့ Weibo account အကောင့်ကနေ Kris Wu နဲ့ Du Meizhu ဆိုတဲ့ ဆက်ဆံရေးကို လူတွေ စိတ်ဝင်စားအောင်၊ ပြောရရင်တော့ Attention လိုချင်လို့ အွန်လိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီပြဿနာနဲ့ပတ်သက်လို့ တရုတ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်း အပြည့်အစုံဖြစ်ပါတယ်။

“၂၀၂၁ ဇွန်လမှာ Du Meizhu နဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Liu (၁၉ နှစ်)တို့ဟာ Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးကို တိုင်ပင်ပြီး အွန်လိုင်းမှာ စတင်ခဲ့ပါတယ်။ အဓိကကတော့ အွန်လိုင်းမှာ နာမည်ကျော်ချင်တာကြောင့်ပါ။

ဇွန်လ (၂)ရက်မှာ Liu က “Liu Meili” ဆိုတဲ့ Weibo account အကောင့်ကို သုံးပြီး Kris Wu ကြောင့် Du Meizhu ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရကြောင်း စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင်လ (၈)ရက်ကနေ (၁၁)ရက်အတွင်း Du Meizhu က ပို့စ် (၃)ခု ဆက်တင်ခဲ့ပါတယ်။

ဇူလိုင်လ (၁၃)ရက်မှာတော့ အွန်လိုင်းစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Xu (အသက် ၁၉ နှစ်အရွယ် အမျိုးသား)က ဒီကိစ္စကနေ အမြတ်ရမယ်လို့ တွေးပြီး Du Meizhu ကို ဆက်သွယ်ကာ Weibo မှာ ပို့စ် (၁၀)ခု တင်ခဲ့ပါတယ်။ အဲဒီထဲမှာ နောက်ဆုံးတိုက်ပွဲဆိုတဲ့ ပို့စ်လည်း တစ်ခုအပါအဝင်ပေါ့။ ဇူလိုင်လ (၁၆)ရက်မှာတော့ Du Meizhu က Xu ရဲ့ပို့စ်တွေကို ဆက်တိုက် တင်ခဲ့တာပါ”လို့ တရုတ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Source: Weibo

You cannot copy content of this page