K pop

■ Jungkook ရဲ့ Photo Card တောင် ကကြီးမှာ ဝယ်လိုမှုများပြားနေပါသတဲ့

—- Golden Maknae လေး Jungkook ရဲ့ Sold Out Power ကို ARMY တွေသိပါတယ်။ လက်နဲ့ ထိ တိုင်း ရွှေဖြစ်သွားတယ်ဆိုရင်လည်း မမှားပါဘူး။

အခုအခါမှာလည်း သူ့ရဲ့ Photo Card လေးတောင် တောင်ကိုရီးယားမှာ တောင်းဆိုမှုများပြားကာ ဝယ်ယူလိုသူတွေ များပြားနေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ Trade Item တွေကိုရောင်းချတဲ့ App တစ်ခုဖြစ်တဲ့ 번개장터 (Lightning Marketplace) က Jungkook ရဲ့ Butterful Night Event Photocard ဟာ ရောင်းအားအမြင့်ဆုံး ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တောင်းဆိုမှုတွေများပြားတာကြောင့် Jungkook ရဲ့ Butterful Night Event Photocard ဟာ ဝမ် 1,600,000 (ကန်ဒေါ်လာ 1388.75) ရောင်းချနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Jungkook ရဲ့ Brand ထိရောက်မှုနဲ့ လွှမ်းမိုးမှုဟာ တောင်ကိုရီးယားမှာ ဘယ်လောက်ထိ ကြီးမား တယ်ဆိုတာ သက်သေပြချက်တစ်ခုလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page