— BLINK တွေဟာ လေဆိပ်မှာ မသက်မသာဖြစ်နေတဲ့ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ပုံစံကို မြင်ပြီး စိုးရိမ်နေကြပါတယ်။
ဇူလိုင်လ 22 ရက်နေ့က Jennie ဟာ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်ကနေ တောင်ကိုရီးယားကို ပြန်ရောက်လာပြီး အင်ချွန်းလေဆိပ်မှာ ပရိသတ်တွေနဲ့ ကိုရီးယားမီဒီယာတွေရဲ့ ဝိုင်းရံမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ COVID 19 တွေကြောင့် တစ်နှစ်အတွင်း Jennie ကို လေဆိပ်မှာ တွေ့ရတာ ပထမဆုံး အကြိမ်လို့ ဆိုရမှာပါ။
Jennie ဟာ US ကိုသွားတုန်းက လျှို့ဝှက်စွာထွက်သွားခဲ့တာဆိုပေမယ့် ပြန်လာတော့ ပုံမှန် Flight နဲ့ ပြန်လာတာကြောင့် မီဒီယာတွေရဲ့ သတင်းယူမှုနဲ့ကြုံခဲ့ရတာပါ။ အဲဒီမှာ ခေါင်းစွပ်အကျီၤနဲ့ မျက်မှန်တွေ တပ်ပြီး ရုပ်ဖျက်ထားပေမယ့်လည်း ထင်ပေါ်နေခဲ့ပြီး မီဒီယာနဲ့ ပရိသတ်တွေ ဝိုင်းလာတဲ့အချိန်မှာ Jennie တစ်ယောက် လက်ပြနှုတ်ဆက်ခြင်းလည်းမရှိဘဲ ပင်ပန်းနေပုံပေါ်ကာ မသက်မသာဖြစ်နေတဲ့ ပုံစံဖြစ်ပါတယ်။
သူမဟာ ခေါင်းစွပ် မျက်နှာအထိအုပ်ပြီး ခေါင်းငိုက်ကာ ကင်မရာရိုက်ချက်တွေကို ဖုန်းကွယ်တဲ့အထိ အဆင်မပြေဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုး 2019 ခုနှစ် လေဆိပ်မှာတုန်းကလည်း Jennie တစ်ယောက်ဖြစ်ဖူးပြီး စိုးရိမ်စိတ်နဲ့ မီဒီယာတွေရဲ့ ဝိုင်းအုံမှုက သူမကို ဒုက္ခရောက်စေခဲ့တာပါ။
Jennie ရဲ့ အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး BLINK တွေက Jennie ရဲ့ ကျန်းမာရေးနဲ့ ဖိအားတွေ ရင်ဆိုင်ရမှုကို စိုးရိမ်နေကြပါတယ်။ ခရီးပင်ပန်းတဲ့အပြင် အလုပ်တွေလည်းများတာကြောင့် ကျန်းမာ ရေးထိခိုက်မှာ စိုးရိမ်နေကြတာပါ။ ဒါ့အပြင် လက်ရှိအချိန် ကိုရီးယားမှာ COVID 19 ကူးစက်မှုက ပိုမို မြင့်တက်လာသလို မီဒီယာတွေရဲ့ စည်းကမ်းလိုက်နာမှုမရှိတဲ့ Social Distancing တွေကြောင့် Jennie အတွက် တွေးပူးပြီး စိုးရိနေကြတာဖြစ်ပါတယ်။
-m2t
Ref: KpopstarZ