News

■ RM နဲ့ V တို့ရဲ့ Chemistry ဖြစ်မှုအောက်မှာ ARMY တွေ ကြွေ

– – -V ရဲ့ Lvie ထဲ RM ဝင်လာခဲ့ပြီးနောက်…

BTS အဖွဲ့ဝင်ဟာ အဖွဲ့လိုက်ဖြစ်စေ၊ နှစ်ယောက်တွ၊ သုံးယောက်တွဲဖြစ်စေ သူတို့ရဲ့ Chemistry ဖြစ်မှုက ကြည်နူးစရာကောင်းတာ တွေ့ရမှာပါ။

အခုအခါမှာတော့ RM နဲ့ V တို့ရဲ့ နောက်ဆုံးပေါ် Chemistry ဖြစ်မှုကို ပရိသတ်တွေက အလွန်ကြည်နူးကာ သဘောကျလျက် ရှိနေကြပါတယ်။ V ဟာ Live လွှင့်နေခဲ့ပြီး သီချင်းတွေဖွင့်ကာ ပရိသတ်တွေရဲ့ Comment တွေကို ဖတ်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ V ရဲ့ Live ထဲကို အထူးစပါရှယ် ဧည့်သည်တစ်ယောက် ဝင်လာခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ဘဲ RM ပဲ ဖြစ်ပါတယ်။ V ဆီလာတုန်းမှာ သူ့အနေနဲ့ သောက်လက်စ ပရိုတိန်းခွက် မှောက်သွားကြောင်း RM က ပြောခဲ့ပါတယ်။

အဲဒီနောက် RM ရဲ့ သီချင်းရွေးချယ်မှုကို ချီးကျူးခဲ့ပြီး “Taehyung ရေ။ မင်းက သီချင်းကောင်းတွေ နားထောင်နေတာပဲ။ Masterpiece ပဲ”လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ ရောက်တတ်ရာရာ စကားတွေပြောပြီး ARMY တွေက သူတို့နှစ်ယောက်ရဲ့ ပြောဆိုမှုအောက်မှာ ကြည်နူးခဲ့ကြရပါတယ်။

You cannot copy content of this page