Celebrity

■ ထိုင်း TikToker တစ်ဦးဟာ Jimin နဲ့ ဆင်သလား

— ကိုရီးယားလူမှုကွန်ရက်မှာတော့ ဒီ ထိုင်း TikToker တစ်ဦးဟာ Jimin နဲ့ဆင်တူတယ်ဆိုပြီး…

မကြာသေးခင်က ကိုရီးယားလူမှုကွန်ရက်ပေါ်ရှိ K Netizen တွေအကြားမှာ ထိုင်း TikToker တစ်ဦး ဟာ BTS အဖွဲ့ဝင် Jimin နဲ့ ဆင်တူတယ်ဆိုပြီး စိတ်ဝင်စားမှုခံနေရပါတယ်။

အဆိုပါ ထိုင်း TikToker တစ်ဦးရဲ့ မျက်နှာအကျနဲ့ ပုံရိပ်အချို့တွေဟာ Jimin နဲ့ ဆင်တူ တယ်လို့ မှတ်ချက်ပြုခဲ့ကြတာပါ။

“ Jimin ရဲ့ ထိုင်း ကိုယ်ပွားလေးလား”

“ သူက အိပ်နေတဲ့ Jimin နဲ့ ပိုတူတယ်”

“ သူ့ရဲ့ နှာခေါင်း၊ မျက်လုံးကတော့ Jimin နဲ့ တော်တော်လေးကို ဆင်တူတာပဲ”

“ အစကြည့်ရင် မတူဘူးလို့ ထင်ရပေမယ့် သေချာကြည့်ရင် ဆင်တူပါတယ်”

“ သူ့ကို Jimin နဲ့ တူမတူဆိုတာ အပြင်မှာ တွေ့ချင်တယ်”

“ သူက Jimin ရဲ့ အရင်တုန်းက ပုံရိပ်တွေကို သတိရသွားစေတယ်”

K Netizen အချို့ကတော့ ဒီလို မှတ်ချက်ပြုထားကြပြီး မြန်မာပြည်က ARMY တွေကရော အဆိုပါ ထိုင်း TikToker လေးဟာ Jimin နဲ့ ဆင်တူတယ်လို့ ထင်ပါသလား…

-m2t
Ref: Allkpop

You cannot copy content of this page