K pop

■ 2021 မှာ သွယ်လျတဲ့ ခန္ဓာကိုယ်ကို IU ဘယ်လိုထိန်းသလဲ

—- အဆိုတော်၊ သီချင်းရေးသူ၊ မင်းသမီး တစ်ဦးဖြစ်တဲ့ IU ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ “Nation’s Little Sister” လို့ တင်စားခံရသူပါ…

အနုပညာထူးချွန်မှုအပြင် သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဆက်ဆံရေး၊ သွယ်လျတဲ့ ခန္ဓာကိုယ်ကလည်း ပရိသတ်တွေချစ်ရတဲ့ အကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ IU အနေနဲ့ သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် ကို ဘယ်လိုထိန်းသလဲ…သူမရဲ့ 2021 ခုနှစ်မှာ နေ့စဉ်လုပ်နေကြ Workout ကို ဖော်ပြပေးလိုက်ပါ တယ်။

IU ဟာ အဆိုတော်အဖြစ် Debut စလုပ်တုန်းက သူမရဲ့ ခန္ဓာကိုယ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အလှစံနှုန်းနဲ့မကိုက်ညီလို့ ခဏခဏ ဝေဖန်ခံခဲ့ရဖူးပါတယ်။ သူမဟာ အဲဒီဝေဖန်မှုတွေကို အလုပ်နဲ့ ကြိုးစားပြီး ဒီနေ့အချိန်အထိ သက်သေပြခဲ့တာပါ။

MBC’s “Quiz to Change the World” အစီအစဉ်မှာ IU ဟာ သူမရဲ့ များပြားတဲ့အချိန်ဇယားတွေနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကြောင့် 10 Kg ထိ ဝိတ်ကျခဲ့ဖူးပြီး အဲဒီနောက်ပိုင်း သူမရဲ့ ခန္ဓာကိုယ်ဝိတ်ဟာ ပုံ မှန်ဖြစ်သွားခဲ့သလို 45Kg ကနေ 48Kg ကြားထဲမှာပဲ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

သူမဟာ ခန္ဓာကိုယ်ဝိတ်ကို ထိန်းနိုင်ဖို့အတွက် အေရိုဗစ်လေ့ကျင့်ခန်းတွေ 1နာရီလောက် လုပ်တယ် လို့ ဆိုပါတယ်။ သူမလုပ်တဲ့ လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လှေကားပေါ် အတက်အဆင်းလုပ်ခြင်းနဲ့ ကြိုးခုန်ခြင်းတို့ဖြစ်ပါတယ်။ နောက်ပြီး IU ဟာ Dance လေ့ကျင့်ခန်းတွေ လည်း လုပ်ပါတယ်။

Workout တစ်ခုတည်းနဲ့ ခန္ဓာကိုယ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် IU ဟာ Diet လည်းပြုလုပ်ပြီး မနက်စာမှာ ပန်းသီးတစ်လုံးစားသလို နေ့ခင်းစာမှာ ကန်စွန်းဥနှစ်လုံး၊ ညစာမှာ ပရိုတိန်းပါတဲ့ အရည် တစ်ခွက်သောက်တယ်လို့ သိရပါတယ်။

IU ဟာ ဒီလို Workout နဲ့ Deit ကို 4 ရက်လုပ်တဲ့အခါ ဝိတ် 4 Kg ထိကျနိုင်တယ်လို့ ဆိုပါတယ်။ သူမ လိုချင်တဲ့ ခန္ဓာကိုယ်ဝိတ်အနေအထားရောက်ရင် ပုံမှန်လိုပဲ စားသောက်ပြီး နေထိုင်တယ်လို့ ဖွင့်ဟခဲ့ပါ တယ်။

-m2t
Ref: KpopstarZ

 

You cannot copy content of this page