K pop

■ လေဆိပ်ဝန်ထမ်းတစ်ဦး မျှဝေတဲ့ Jungkook ၊ J-Hope တို့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဆက်ဆံရေး

— “ အရင်က သူတို့လို ယဉ်ကျေးပြီး နိမ့်ချတဲ့သူတွေကို မတွေ့ခဲ့ဖူးပါဘူး” – ပရိသတ်

ကံကောင်းတဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ @641kate ဆိုတဲ့အကောင့်ပိုင်ရှင်တစ်ဦးဟာ Twitter မှာ BTS အဖွဲ့ဝင် Jungkook ၊ J-Hope တို့နဲ့ လူချင်းတွေ့ဆုံခဲ့ပြီး သူတို့ရဲ့နှစ်လိုဖွယ်ကောင်း တဲ့ ဆက်ဆံရေး ပုံပြင်ကို ပြောပြခဲ့ပါတယ်။ အဆိုပါ @641kate အကောင့်ပိုင်ရှင်မိန်းကလေးဟာ လေဆိပ်မှာ လုပ်နေ တဲ့ သာမန်ဝန်ထမ်းတစ်ဦးပဲဖြစ်ပြီး K-pop ပရိသတ်မဟုတ်သူပါ။ ဒါပေမဲ့ BTS အဖွဲ့နဲ့တွေ့ပြီးတဲ့ အခါမှာ ARMY တစ်ဦးဖြစ်သွားခဲ့ပါတယ်။

အဆိုပါ လေဆိပ်ဝန်ထမ်းပြောပြထားတဲ့ ပုံပြင်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ Jungkook ရဲ့ မျက်နှာဟာ ကလေးတစ်ယောက်အတိုင်းပါပဲ။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက တော့ အမိုက်စားဖြစ်ပြီး ချောမောသူတစ်ဦးလို့ ထင်ခဲ့မိပါတယ်။ Jungkook ကို တစ်ခါတွေ့လိုက်တာနဲ့ ခံစားမိလိုက်တဲ့ ခံစားချက်ပါ။

လေဆိပ်မှာ Jungkook ရဲ့ အမည်ကို ကျွန်မ မှားဖတ်မိလိုက်ပါတယ်။ “Jeon Jungkook” ကို“Jin Jungkook” လို့ မှားဖတ်မိလိုက်တာပါ။ သူက ကျွန်မကို မှားဖတ်လို့ ပြုံးပြီးကြည့်နေခဲ့ပါတယ်။ သူ က အဲဒီလိုကြည့်နေတော့ ကျွန်မ လက်တွေတောင်တုန်တဲ့အထိပါပဲ။ ခန္ဓာကိုယ်က အားကစားသမား လိုမျိုး တောင့်တင်းကြံ့ခိုင်မှုရှိပြီး မျက်နှာနဲ့ အသံကတော့ ကလေးတစ်ယောက်အတိုင်းဖြစ်ပါတယ်။ Jungkook ကြည့်တဲ့ပုံက ကျွန်မကို ရူးသွပ်သွားစေတာပါ။ နောက်ပြီး နာမည်မှားဖတ်လို့ ကျွန်မကို လည်း အဆင်ပြေပါတယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒီကတည်းက Jungkook ဟာ ကျွန်မရဲ့ Cele ဖြစ်သွားပါတော့တယ်”

-လေဆိပ်ဝန်ထမ်း

နောက်ပြီး အဆိုပါ လေဆိပ်ဝန်ထမ်းက J-Hope ရဲ့ ကြင်နာပြီး ယဉ်ကျေးတဲ့အမူအရာကိုလည်း ချီးကျူးခဲ့ပါတယ်။

“ လေယဉ်စီးဖို့ လိုင်းထဲမှာ စစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာ J-Hope က ကျွန်မကို မျက်မှန်နဲ့ Mask ချွတ်ဖို့ လိုအပ်လားလို့ အရင်မေးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ အပြုအမူကိုကြည့်ပြီး အလွန်ကောင်းမွန်တဲ့ သူတစ်ဦးဆိုတာကို ခံစားမိလိုက်ပါတယ်။

အလုပ်ကြောင့် ကျွန်မဟာ များစွာသော Cele တွေတွေ့ဖူးသူဖြစ်ပါတယ်။ ဒါပေမဲ့ J-Hope ကတော့ ကျွန်မ မပြောခင်မှာပဲ သူ့ရဲ့ မျက်မှန်နဲ့ Mask ကို အရင်ချွတ်ပေးခဲ့တာပါ။ သူ့ရဲ့ မျက်နှာအသွင်အပြင် ရင်းနှီးနှစ်လိုဖွယ်ကောင်းတာဖြစ်ပါတယ်။ တကယ်လို့ Happy Energy သာ လူပုဂ္ဂိုလ်တစ်ဦးဖြစ်မယ် ဆိုရင် အဲဒါ J-Hope ပဲဖြစ်ပါလိမ့်မယ်။ သူကတော့ ကျွန်မရဲ့ ဒုတိယ Bias ဖြစ်ပါတယ်”

-လေဆိပ်ဝန်ထမ်း

-m2t
Ref: Koreaboo

You cannot copy content of this page