News

■ ချစ်ရသူနဲ့ ရင်နာဖွယ် လမ်းခွဲခဲ့ရတဲ့ J-Hope ရဲ့ပုံပြင်

– – – ဒါကြောင့်ပဲ Solo သီချင်းက သူ့အကြိုက်ဆုံး သီချင်းဖြစ်ခဲ့ရတာလို့ J-Hope က ဆွေးမြေ့ဖွယ် ဖွင့်ဟခဲ့ပါတယ်။

Rookie King ရဲ့ အပိုင်းတစ်ပိုင်းမှာ BTS အဖွဲ့ဝင်တချို့ဟာ သူ့တို့ရဲ့အချစ်ရေးအကြောင်းတွေကို ဖွင့်ဟသွားခဲ့ပါတယ်။ J-Hope လည်း အပါအဝင်ဖြစ်ပြီး သူ့ရဲ့အချစ်ဇာတ်လမ်းကတော့ တကယ့်ကို ဆွေးမြေ့ဖွယ် ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။

အတိတ်မှာတုန်းက J-Hope ဆီမှာ ချစ်ဦးသူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ J-Hope ရဲ့ကောင်မလေးဟာ တခြားယောက်ျားလေးအတွက်နဲ့ J-Hope လိုလူမျိုးကို ဖြတ်သွားခဲ့တယ်။ J-Hope လည်း ခံစားခဲ့ရတာပါ။

အဲဒီနောက် Dynamic Duo ရဲ့ Solo သီချင်းဟာ သူ့ရဲ့အကြိုက်ဆုံးသီချင်းဖြစ်လာခဲ့တယ်လို့ BTS အဖွဲ့ဝင် J-Hope က အခုလို ပြန်ပြောင်းဖွင့်ဟသွားခဲ့ပါတယ်။

“ကျွန်တော့်မှာ ရည်စားတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့ကို ကျွန်တော် အရမ်းကြိုက်တာ။ ဒါပေမဲ့ သူကတော့ တခြားတစ်ယောက်အတွက်နဲ့ ကျွန်တော့်ကို ထားသွားခဲ့တယ်။ ကျွန်တော့်နှလုံးသား နာကျင်ခဲ့ရတယ်။ အဲဒီနောက် ဘတ်စ်ကားပေါ်မှာ mp3 လေးတစ်လုံးနဲ့ သီချင်းနားထောင်နေရင်း Solo သီချင်းကို နားထောင်ဖြစ်ခဲ့တယ်။ အဲဒီအခါမှ Solo က ကျွန်တော့်အကြိုက်ဆုံးသီချင်း ဖြစ်လာခဲ့တယ်”
-J-Hope

J-Hope ရဲ့ ဇာတ်လမ်းက နာကျင်ဖွယ်ရာဆိုပေမယ့် အရာရာက ပိုကောင်းဖို့အတွက် ဖြစ်လာတာလို့ ဆိုရမှာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page