– – – Girl’s Day အဖွဲ့ဝင် Minah ဟာ သူ့ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ဖွင့်ဟသွားခဲ့ပါတယ်။
K-pop လောကအတွင်းမှာ Idol အချင်းချင်း ချစ်ကြိုက်မိသွားပြီး တွဲနေကြတဲ့သူတွေ အများအပြားရှိနေပါတယ်။ Idol စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွဲဖြစ်သွားသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
Life Bar အစီအစဉ်မှာ Girl Day အဖွဲ့ဝင် Minah ပါဝင်ခဲ့ရာမှာတော့ အမျိုးသား Idol တွေအနေနဲ့ သူတို့အမျိုးသမီး Idol တွေကို ရည်စားစကား ဘယ်လိုပြောသလဲဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။ Minah ရဲ့ ပြောပြချက်အရ အမျိုးသား Idol တွေဟာ အဲဒီလိုအခြေအနေမျိုးမှာ ရှက်ကြောက်မနေဘူးလို့ သိရပါတယ်။
အမျိုးသား Idol တွေဟာ ဝန်ထမ်းတွေကနေတစ်ဆင့် ဖုန်းနံပါတ်တောင်းကြောင်း၊ ဖုန်းဆက်တာနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပြီး ရည်စားစကားချက်ချင်းတန်းပြောလေ့ရှိတယ်လို့ Minah က ဖွင့်ဟသွားခဲ့ပါတယ်။
“သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်မနေဘူး။ သူ့နာမည်ကို မိတ်ဆက်ပြီး ကျွန်တော်ကြိုက်လို့ ဖုန်ဆက်တာဆိုပြီး ပြောလေ့ရှိတယ်။ တစ်ခါတလေကျရင် မသိတဲ့ဖုန်းနံပါတ်တွေလည်း အများကြီး လက်ခံရရှိခဲ့တယ်”
Minah
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *