– – – ဒီအရာလေးကြောင့် သူဟာ Rose’ကို ပိုပြီး ခင်တွယ်မိသွားပြီး သူတို့အကြား ချစ်ခြင်းမေတ္တာတွေ တိုးပွားလာခဲ့တယ်လို့….
DoReMi Market အစီအစဉ်ရဲ့ အပိုင်း (၁၀၀) ပြည့် အင်တာဗျူးမှာတော့ Girl Day အဖွဲ့ဝင် Hyeri ဟာ သူနဲ့ BLACKPINK အဖွဲ့ဝင် Rose’တို့ကြား ဆက်ဆံရေးကို ဖွင့်ဟသွားခဲ့ပါတယ်။
Hyeri ဟာ သူမဆီက ဖုန်းနံပါတ်ကို တောင်းခဲ့တဲ့အချိန်တုန်းက ထိတ်လန့်မိကြောင်း၊ Hyeri လို အရမ်းမိုက်တဲ့ စီနီယာတစ်ယောက်ကို သူငယ်ချင်းဖြစ်ခွင့်ရတာ ကံအလွန်ကောင်းကြောင်း DoReMi Market မှာ ပါဝင်ခဲ့တုန်းက Rose’ က ဖွင့်ဟခဲ့ပါသေးတယ်။
အခုအခါ Hyeri က သူမနဲ့ Rose’အကြား သံယောဇဉ်တွေ ပိုမိုခိုင်မာသွားခဲ့ရတဲ့အကြောင်းကို ပြောပြသွားခဲ့တာပါ။ ဒါကတော့ DoReMi Market အစီအစဉ်ကို Rose’ ဒုတိယမြောက်အကြိမ် လာရောက်တဲ့အခါတုန်းကပါပဲ။
“DoReMi Market ကို သူမ ပါဝင်ပြီးတဲ့နောက်မှာ ကျွန်မတို့ အရမ်းရင်းနှီးခဲ့ကြတယ်။ ကျွန်မတို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတယ်။ Rose’ က ကျွန်မရဲ့ You Tube Channel တွေမှာလည်း ပါဝင်ပြီး DoReMi Market အစီအစဉ်မှာလည်း နောက်တစ်ကြိမ် ပါဝင်ခဲ့ပါသေးတယ်။ ဒီအတွက် သူကို ကျွန်မ ကျေးဇူးလည်း အရမ်းတင်မိတယ်”
-Hyeri
အခုတော့ Hyeri နဲ့ Rose’ဟာ တကယ့်ကို သူငယ်ချင်းအရင်းတွေဖြစ်နေကြပါပြီ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *