Celebrity

■ Lee Kwang Soo ရဲ့ “Emotional Rock” က ဘယ်သူလဲ

— Lee Kwang Soo ဟာ တောင်ကိုရီးယားအနုပညာနယ်ပယ်မှာ ပေါင်းသင်းဆက်ဆံရေးကောင်း မွန်တာကြောင့် ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်မောင်နှစ်မတွေလည်းအများကြီးရှိသူပါ…

Lee Kwang Soo မှာ ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်မောင်နှစ်မတွေ အများကြီးရှိတဲ့အနက် သူ့ကို “Emotional Rock” အပေးဆုံးသူက ဘယ်သူလို့ထင်ပါသလဲ…“Emotional Rock” ဆိုတာ နှစ် ပေါင်းများစွာ Lee Kwang Soo အနေနဲ့ ခက်ခဲပင်ပန်းတဲ့အချိန်အတိုင်း မှီခိုလို့ရတဲ့သူကို ဆိုလိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ESQUIRE Korea နဲ့ အင်တာဗျူးမှာ ပရိသတ်တွေမေးတဲ့ မေးခွန်းမြောက်များစွာကို Lee Kwang Soo က ဖြေဆို ပေးခဲ့တာဖြစ်ပြီး “ မင်းရဲ့ Emotional Rock က ဘယ်သူလဲ ” လို့ဆိုတဲ့ မေးခွန်းကိုလည်း အမေးခံရတာပါ။

အဲဒီမေးခွန်းကို Lee Kwang Soo က အချိန်မဆိုင်းဘဲ Kim Jong Kook ကို ဖြေပေးခဲ့ပါတယ်။ Lee Kwang Soo ဟာ Kim Jong Kook ရဲ့ ဖုန်းနံပါတ်ကိုတောင် “Emotional Rock” လို့တောင် မှတ် ထားတာဖြစ်ပါတယ်။ Lee Kwang Soo နဲ့ Kim Jong Kook တို့ဟာ 2010 ခုနှစ် Running Man မှာ Cast တွေဖြစ်ခဲ့ပြီးကတည်းက (၁၀)နှစ်အကြာ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ထားကြသူတွေ ဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page