— TXT ရဲ့ Maknae လေး Hueningkai ရဲ့ Ideal Type ကို ကြားရင် MOA တွေ Hair Salon ကို ပြေးချင်သွားပါလိမ့်မယ်…
TXT အဖွဲ့ဟာ Weverse မှာ MOA တွေနဲ့အမြဲတမ်းတွေ့ဆုံလေ့ရှိပြီး Comment တွေနဲ့ မေးခွန်းတွေ ကိုလည်း ပြန်ဖြေ လေ့ရှိပါတယ်။ အရင်တုန်းက MOA တစ်ဦးကို Hueningkai ကို အခုလို မေးခဲ့ပါ တယ်။ အဲဒီမေးခွန်းက “Oppa’s Ideal Type” ဖြစ်ပါတယ်။
အဆိုပါ Comment ကို Hueningkai က အခုလိုပြန်ဖြေကြားထားတာဖြစ်ပါတယ်။
“ အမ်…အိုကေ…ဒီမေးခွန်းကို အခုချိန်ဖြေဖို့ အကောင်းဆုံးပါပဲ…ဟဟ…တကယ်တော့ သီးသန့်ကြီး သတ်မှတ်ထားတဲ့ Ideal Type တော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့အတူ ရယ်မောနိုင်ပြီး ခံစားချက် အစစ်တွေကို ဝေမျှနိုင်တဲ့ မိန်းကလေးတော့ လိုချင်ပါတယ်။
နောက်ပြီး ကျွန်တော်ဟာ ဇီဇာကြောင်တဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ခုကို သတ်မှတ် ရရင်တော့ ဆံပင်ရှည်တဲ့မိန်းကလေးထက် ဆံပင်တိုတဲ့ မိန်းကလေးကို ပိုနှစ်သက်ပါတယ်”
-Hueningkai
ဒီလို Maknae လေး Hueningkai ရဲ့ Ideal Type ကို သိသွားတဲ့ MOA တွေက ချက်ချင်းပဲ Hair Salon ကို သွားကြမယ်ဆိုပြီး နောက်ပြောင်ခဲ့ကြပါတယ်။
-m2t
Ref: Koreaboo