K pop

■ သူမကလွဲပြီး 2NE1 အဖွဲ့ဝင်အားလုံး လျှို့ဝှက် Date ခဲ့ကြတယ်လို့ Dara ဖွင့်ဟ

— 2NE1 အဖွဲ့ဝင်ဟောင်း Dara က အရင်တုန်းက သူမကလွဲပြီး ကျန်အဖွဲ့ဝင်အားလုံးဟာ လျှို့ဝှက် Date ခဲ့ကြပြီး YG Entertainment ရဲ့ ‘No Dating Rule’ ကို မလိုက်နာခဲ့ကြဖူးလို့ ဖွင့်ဟခဲ့ပါတယ်။

Dara ဟာ KBS’ television show ‘Love Naggers Season 3’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့တုန်းက ပြောခဲ့တာဖြစ်ပါတယ်။ Dara နဲ့ Host တွေဟာ လက်ရှိ COVID-19 Pandemic ကာလအတွင်း အတွဲရည်စားတွေဟာ တွေ့ဆုံ Date လုပ်မှုတွေမရရှိ တော့ဘူးဆိုတဲ့အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီမှာ Dara က “ တကယ်တော့ COVID-19 Pandemic ကာလအတွင်းမှမဟုတ်ပါဘူး။ အရင်က လည်း ကျွန်မဟာ Date မလုပ်ခဲ့တဲ့နှစ်တွေအများကြီးရှိပါတယ်။ ကျွန်မ Trainee ဘဝတုန်းက တစ်စုံ တစ်ဦးနဲ့ Date လုပ်ရင် အေဂျင်စီက သိသွားပြီး ပြဿနာဖြစ်မှာ ကြောက်ခဲ့ပါတယ်။

Debut လုပ်ပြီးတော့လည်း (၅)နှစ်အတွင်းမှာ ဘယ်သူမှ မ Date ရဖူးဆိုတဲ့ အေဂျင်စီ စည်းမျဉ်းရှိပါ တယ်။ ဒါပေမဲ့ အဖွဲ့ထဲမှာ ကျွန်မကလွဲပြီး ဘယ်သူမှ စည်းမျဉ်းကို မလိုက်နာကြပါဘူး။ အဖွဲ့ဝင်တွေ အားလုံးက Date လုပ်တဲ့အခါမှာ ကျွန်မကတော့ ‘နိုး…ငါမလုပ်နိုင်ဘူး…သူတို့ခွင့်မပြုဘူး’ ဒီလိုမျိုးပဲ ပြောခဲ့တာပါ။

နောက်ပိုင်းမှသာ ကျွန်မဟာ Date တွေလုပ်ခဲ့တာဖြစ်ပြီး ကျွန်မရဲ့ Ex-Boyfriend တွေကိုလည်း ဒီနေ ရာကနေ တောင်းပန်ချင်ပါတယ်။ သူတို့တွေဟာ ကျွန်မကြောင့် ခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။ အား လုံးဟာ ကျွန်မကြောင့် ရုန်းကန်ခဲ့ရတာသိပါတယ်။ နားလည်းမှုတွေလည်း အပြည့်အဝမပေးနိုင်ခဲ့ပါ ဘူး။ အခုတော့ အရင်က အမှားတွေအားလုံးကို နားလည်နိုင်ခဲ့ပါပြီ။ အားလုံးကို Sorry ပါ …Guys” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page