K pop

■ အဆိုတော်မလုပ်ဘဲ IU စိတ်ကူးလေးတစ်ချက်သာ ပြောင်းသွားခဲ့ရင်

— တကယ်လို့သာ Idol မဖြစ်လာခင် IU အနေနဲ့ သူမ စိတ်ကူးခဲ့ဖူးတဲ့ လမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်ခဲ့ရင်… ကျွန်တော်တို့ အခုလို ချစ်စရာကောင်းတဲ့ Idol မင်းသမီးလေးကို တွေ့မြင်ရတော့ မှာမဟုတ်…

IU ဟာ သူမအနေနဲ့ Idol မလုပ်ခင်တုန်းက စာလည်းကောင်းကောင်းလုပ်နိုင်တာကြောင့် သံတမန် တစ်ဦးဖြစ်မယ့် လမ်းကြောင်းကို ရွေးချယ်ဖို့ အိပ်မက်မက်ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ IU ဟာ အဆိုပါ အကြောင်းကို Korean Forces Network Radio အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့တုန်း က ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ IU က “ ကျွန်မဟာ ငယ်စဉ်တုန်းက စာလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမေက ကျွန်မကို သံတမန်လုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ကျွန်မလည်း သံတမန်ဖြစ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကျွန်မဆရာမက ကျွန်မကို အဆိုတော်ဖြစ်ဖို့ကိုပဲ တွန်းအားပေးခဲ့ တာပါ။ ဒါကြောင့်ပဲ ကျွန်မ စိတ်ကူးပြောင်းပြီး အဆိုတော်ဘဝကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီတုန်းက အမေဟာ သူမကို ရွေးချယ်မှုနဲ့ပတ်သက်ပြီး လက်တွေ့မဆန်လို့ စိတ်ပျက်ငြီးငြူခဲ့ ပေမယ့် နောက်တော့ သူမရဲ့ ဂီတာအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို မြင်တွေ့ခဲ့လို့ အားပေး ခဲ့တယ်လို့လည်း IU က ထပ်လောင်းပြောခဲ့ပါတယ်။

IU ဟာ သူမရဲ့ ကျောင်းသူဘဝတုန်းက စာအလွန်တော်သူဖြစ်ပြီး အမြဲတမ်း အခန်းထဲမှာ အဆင့် 1 ၊ 2 ချိတ်တယ်လို့ သိရပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page