K pop

■ Red Velvet ကို ထိုက်တန်တဲ့ ပရိုမိုရှင်းတွေ လုပ်ပေးဖို့ SM တောင်းဆိုခံရ

— – – တစ်နှစ်ခွဲကျော် ကြာပြီးနောက်မှာ ပြုလုပ်မယ့် Red Velvet ရဲ့ …

ပြီးခဲ့တဲ့ ဇွန်လတုန်းက SM Entertainment က သူတို့ရဲ့ နာမည်ကျော် အမျိုးသမီးအဖွဲ့ Red Velvet ဟာ သြဂုတ်လအတွင်း Comeback ပြုလုပ်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

Red Velvet အဖွဲ့ The ReVe Festival: Finale ဆိုတဲ့ Album ကို ထုတ်ဝေပြီး တစ်နှစ်ခွဲကျော်အကြာမှာ အဖွဲ့လိုက် Comeback လုပ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

Red Velvet အနေနဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေ မရှိတာကြာမြင့်နေပြီဖြစ်ပေမဲ့ အဖွဲ့ဝင်တွေကတော့ အနုပညာလှုပ်ရှားမှုတွေတော့ ရှိခဲ့တာပါ။ Irene နဲ့ Seulgi တို့က ၂၀၂၀ မှာ Sub-unit အဖြစ် ပွဲထွက်ခဲ့ပြီး Wendy နဲ့ Joy တို့ကတော့ Solo Albums တွေ ထုတ်ဝေခဲ့ကာ Yeri ကတော့ Blue Birthday ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခု Red Velvet အဖွဲ့ဝင်တွေ အဖွဲ့လိုက်ပြန်လည်လှုပ်ရှားမှာဖြစ်ပြီး အဲဒီအတွက် ထိုက်တန်တဲ့ ပရိုမိုရှင်းတွေ လုပ်ပေးဖို့ Red Velvet အဖွဲ့ရဲ့ အမာခံအားပေးသူတွေဖြစ်တဲ့ ReVeluvs တွေက SM ကို တောင်းဆိုခဲ့တာပါ။

Red Velvet နဲ့ လက်တွဲလုပ်ဆောင်ဖို့ Nicole Franz နဲ့ Phil Quartararo တို့ ကမ်းလှမ်းခဲ့ပေမဲ့ ဖြစ်မလာသေးသလို၊ အမေရိကန်ဈေးကွက်မှာ ထိုးဖောက်မှုကလည်း မရှိသေးပါဘူး။

အထူးသဖြင့် NCT 127၊ SuperM နဲ့ aespa တို့ Creative Artists Agency (CAA) နဲ့ စာချုပ်ချုပ်ပြီးဖြစ်ပေမဲ့ Red Velvet အနေနဲ့ နိုင်ငံခြားအေဂျင်စီနဲ့ လက်တွဲခြင်း မရှိသေးတဲ့ အပေါ် ReVeluvs တွေက အားမလို၊ အားမရ ဖြစ်နေတာဖြစ်ပြီး ဒီတစ်ခေါက် Red Velvet ရဲ့ Comeback မှာ အားစိုက်ပေးဖို့ SM ကို တောင်းဆိုခဲ့ကြတာပါ။

Ref: Koreaboo

You cannot copy content of this page