K pop

■ Jang Ki Yong စစ်မှုထမ်းမယ့် ရက်စွဲကို YG Entertainment အတည်ပြု

— – – Song Hye Kyo နဲ့ ဇာတ်လမ်းတွဲရိုက်နေတဲ့ မင်းသားချော Jang Ki Yong ဟာ …

ဇူလိုင် (၂၆)ရက်မှာတော့ မင်းသား Jang Ki Yong ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment က Jang Ki Yong စစ်မှုထမ်းမယ့် ရက်စွဲကို အတည်ပြုကြေညာခဲ့ပါတယ်။ YG ရဲ့ ထုတ်ပြန်ချက်မှာတော့ …

“မင်္ဂလာပါ။ YG Entertainment ဖြစ်ပါတယ်။ မင်းသား Jang Ki Yong ဟာ “Now, We Are Breaking Up” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ပြီးရင် သြဂုတ် (၂၃)ရက်မှာ Active Duty Soldier အဖြစ် စစ်မှုထမ်းမှာပါ။

COVID-19 ကပ်ရောဂါကြောင့် Jang Ki Yong စစ်မှုထမ်းမယ့်နေရာနဲ့ အချိန်ကိုတော့ ထုတ်ဖော်ကြေညာသွားမှာ မဟုတ်ပါဘူး။ ဒါက ပရိသတ်တွေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက်ဖြစ်ပြီး အားလုံးနားလည်ကြမယ်လို့ ထင်ပါတယ်။

ကျေးဇူးပြုပြီး Jang Ki Yong အနေနဲ့ စစ်မှုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်အောင် ကူညီပေးပြီး သူ ကျန်းမာစွာ ပြန်လာဖို့ ဆုတောင်းပေးကြပါ”လို့ ဖော်ပြပါရှိပါတယ်။

Jang Ki Yong ဟာ မင်းသမီး Hyeri နဲ့ “My Roommate Is a Gumiho” ဆိုတဲ့ ဇာတ်လမ်းတွဲကို သိပ်မကြာခင်က ထုတ်လွှင့်ခဲ့ပြီး မင်းသမီး Song Hye Kyo နဲ့အတူ ရိုက်ကူးထားတဲ့ “Now, We Are Breaking Up” ဇာတ်လမ်းတွဲကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ SBS က ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Ref: Soompi

You cannot copy content of this page