— – – သူတို့ရဲ့ စတိတ်ပေါ်မှာ တည်ရှိမှုကိုက ခန့်ညားနေတာမျိုး ….
K-Pop Idol တွေ များစွာ နှစ်တိုင်းထွက်ပေါ်လေ့ရှိပေမဲ့ သူတို့ရဲ့ စတိတ်ဖျော်ဖြေမှုတွေကတော့ ပရိသတ်တွေကို အဆွဲဆောင်နိုင်ဆုံးလို့ ဆိုကြပါတယ်။ သူတို့တွေကတော့ …
1. BIGBANG G-Dragon
King of K-Pop လို့ အငြင်းပွားဖွယ်မရှိ လက်ခံထားကြတဲ့ G-Dragon ရဲ့ တည်ရှိမှုကိုက အသံထွက်နေတယ်လို့ ဆိုရမှာပါ။ အသက် (၆)နှစ်သားအရွယ်ကတည်းက Little Roo’Ra နဲ့ စတိတ်ပေါ်ကို ရောက်ခဲ့တဲ့ G-Dragon ရဲ့ စတိတ်ပေါ် ခန့်ညားထည်ဝါမှုကို ဘယ်သူ့မှ မယှဉ်နိုင်ပါဘူး။ G-Dragon သာမကပဲ BIGBANG တစ်ဖွဲ့လုံးရဲ့ Stage Present ကို အရင်ကရော၊ အခုရော ယှဉ်နိုင်တဲ့ K-Pop Idol ရော၊ အဖွဲ့ရော မရှိသေးဘူးလို့ ဆိုကြပါတယ်။
2. Girls’ Generation Taeyeon
Taeyeon နဲ့ စတိတ်ပေါ်မှာ ပူးတွဲမြင်တွေ့ရတာက သူမရဲ့ အလွန်ဆွဲဆောင်မှုရှိတဲ့ အသံဖြစ်ပါတယ်။ Taeyeon ရဲ့ စတိတ်ဖျော်ဖြေမှုတွေက ကောင်းကင်ပေါ်ကလာတဲ့ အသံလို့ ဆိုကြပြီး သူမရဲ့ စတိတ်ဖျော်ဖြေမှုတွေက နားဆင်သူတွေကို ကြက်သီးထစေတယ်လို့တောင် ဆိုကြပါတယ်။
3. HyunA
Bubbly & Sexy ကို ရောစပ်ထားသူလို့ HyunA ကို တင်စားကြပါတယ်။ စတိတ်ပေါ်က HyunA ရဲ့ အပြုအမူတိုင်းဟာ ပရိသတ်တွေကို ဖမ်းစားနိုင်းစွမ်းရှိနေတာပါ။ အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်တာမျိုး၊ ရင်သားတွေကို ပင့်တင်လိုက်တာမျိုးက အစ Sexy Dance တွေအထိ အကုန်လုံး ဆွဲဆောင်မှု ရှိနေတာမျိုးပါ။
4. SHINee Taemin
တစ်ကိုယ်တော်အဖြစ်ရော၊ SHINee အဖွဲ့နဲ့ပါ အောင်မြင်တဲ့ Taemin ရဲ့ Stage Performance တွေကလည်း ခန့်ညားလွန်းပါတယ်။ သူရဲ့ သီချင်းနဲ့ ကကွက်တွေက အလွန်လိုက်ဖက်မှုရှိပြီး ပရိသတ်တွေကို စတိတ်ဖျော်ဖြေမှုတွေနဲ့ ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။
5. BLACKPINK Jennie
BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင်တိုင်းက Powerful ဖြစ်လွန်းတဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားပေမဲ့ Jennie ရဲ့ Performance ကတော့ သူမရဲ့ Aura ကို ထင်ပေါ်စေပါတယ်။ Cutie and Sexy ပုံရိပ်က ပရိသတ်တွေကို ဆွဲဆောင်နိုင်သလို သူမရဲ့ Ice Cold ပုံရိပ်တွေက စတိတ်အတွက်တော့ ရှယ်ပဲလို့ ဆိုရမှာပါ။
6. EXO Baekhyun
Baekhyun ရဲ့ ညင်သာတဲ့ အသံက ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်နိုင်စွမ်းရှိပါတယ်။ သူက ခက်ခဲသီချင်းတွေကို အကောင်းဆုံးသီဆိုနိုင်စွမ်းရှိသူဖြစ်ပြီး အနိမ့်၊ အမြင့် ကူးပြောင်းမှုတွေ၊ သူရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ အကလှုပ်ရှားမှုတွေက အရမ်းကို လိုက်ဖက်လွန်းပြီး Idol ဖြစ်ဖို့ မွေးဖွားလာသူလို့ သတ်မှတ်ခံရသူဖြစ်ပါတယ်။
7. TWICE Nayeon
Nayeon ရဲ့ ပုံစံနဲ့ အသံက ပရိသတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်ပြီး ဒါကြောင့် သူမဟာ ပရိသတ်တွေအကြား ထင်ရှားတာပါ။ ပြင်းထန်တဲ့ ကကွက်တွေနဲ့ ဖျော်ဖြေချိန်မှာတောင် Nayeon ဟာ သူမရဲ့အသံကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထိန်းထားနိုင်သူဖြစ်ပြီး Encore ဖျော်ဖြေမှုတွေမှာ TWICE အဖွဲ့ဝင်တချို့ ဝေဖန်ခံရလေ့ရှိပေမဲ့ Nayeon ကတော့ ချီးကျူးမှုတွေနဲ့ ထိုက်တန်သူပါ။
Ref: SB