Drama

■ Jang Ki Yong နဲ့ ပဟေဌိဆန်ဆန်ပုံတစ်ပုံကို တင်ခဲ့တဲ့ Song Hye Kyo

— – – IG မှာ တင်ခဲ့တဲ့ ပို့စ်မှာ Song Hye Kyo နဲ့ Jang Ki Yong တို့ဟာ …

သတင်းထွက်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Song Hye Kyo နဲ့ Jang Ki Yong တို့ အဓိကအဖြစ့်ပါဝင်သရုပ်ဆောင်ထားတဲ့ “Now, We Are Breaking Up” ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

“Now, We Are Breaking Up” ဇာတ်လမ်းတွဲမှာ Song Hye Kyo နဲ့ Jang Ki Yong တို့အပြင် နာမည်ကြီးတွေဖြစ်တဲ့ Choi Hee Seo, Kim Joo Heon, EXO Sehun နဲ့ Girl’s Day Yura တို့ ပါဝင်ထားတာကြောင့် ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

“Now, We Are Breaking Up” အချစ်အကြောင်းကို အဓိကရိုက်ကူးထားပြီး Song Hye Kyo က ဖက်ရှင်လုပ်ငန်းရဲ့ ဒီဇိုင်းမန်နေဂျာ Ha Young Eun အဖြစ် သရုပ်ဆောင်ထားကာ Jang Ki Yong ကတော့ ကြွယ်ဝချမ်းသာတဲ့ ဓာတ်ပုံဆရာ Yoon Jae Guk အဖြစ် သရုပ်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Song Hye Kyo ဟာ Photography Studio မှာ မင်းသား Jang Ki Yong နဲ့ ဘေးချင်းကပ်ထိုင်ပြီး အတူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ Instagram မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီဓာတ်ပုံက သူတို့နှစ်ဦး ထိုင်နေတာကို နောက်ကျောက ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး အဲဒီဓာတ်ပုံနဲ့အတူ Song Hye Kyo က “Yoon Jae Guk & Ha Young Eun” ဆိုတဲ့ စာသားနဲ့အတူ “Now, We Are Breaking Up” ဆိုတဲ့ hashtag ကိုပါ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page