K pop

■ လေဆိပ်မှာ မသက်မသာဖြစ်နေတဲ့ Jennie ရဲ့ ကျန်းမာရေး

— – – ပရိသတ်တွေ စိတ်ပူနေတဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ Jennie က …

ဇူလိုင် (၂၂)ရက်က အမေရိကန်ကနေ ကိုရီးယားကို ပြန်လာတဲ့ Jennie ကို လေဆိပ်မှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး မသက်မသာဖြစ်နေတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေဟာ သူမရဲ့ ကျန်းမာရေးအတွက် စိတ်ပူခဲ့ကြပါတယ်။

Jennie ဟာ အရင်တုန်းကလည်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ဖူးတာကြောင့် ပရိသတ်တွေဟာ သူမရဲ့ ကျန်းမာရေးကို စိတ်ပူနေတာဖြစ်ပြီး Jennie က သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

Jennie က “အခုအချိန်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အရင်ကထက် ဂရုစိုက်နေပါတယ်။ ခြေချင်းဝတ်ဒဏ်ရာ ရပြီးနောက်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မအနေနဲ့ pilates လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်နေပြီး အနာတရမဖြစ်အောင်၊ နာမကောင်း မဖြစ်အောင် အထူးဂရုစိုက် ကြိုးစားနေပါတယ်။ ကျွန်မအနေနဲ့ ပရိသတ်တွေကို အကောင်းဆုံးအပိုင်းကို ပြသချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref: AKP

You cannot copy content of this page