K pop

■ BLACKPINK ရဲ့ You Tube စံချိန်တစ်ခုကို လိုက်မီခဲ့တဲ့ BTS

— – – BLACKPINK နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့သလို၊ အမျိုးသား K-Pop အဖွဲ့တွေထဲမှာ …

BTS ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “MIC Drop” remix မှာ You Tube Views (၁)ဘီလီယံ ပြည့်မြောက်ခဲ့ပြီး BTS အဖွဲ့ရဲ့ You Tube Views (၁)ဘီလီယံကျော်တဲ့ (၄)ပုဒ်မြောက် MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၇ နိုဝင်ဘာ (၂၄)ရက်က ထုတ်ဝေခဲ့တဲ့ BTS ရဲ့ “MIC Drop” remix သီချင်းဟာ (၃)နှစ်၊ (၈)လနဲ့ (၂)ရက်အကြာမှာ You Tube Views (၁)ဘီလီယံကျော်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် BTS အဖွဲ့ရဲ့ “DNA,” “Boy With Luv,” “Dynamite” နဲ့ “MIC Drop” သီချင်းတွေဟာ You Tube Views (၁)ဘီလီယံကျော်ခဲ့တာဖြစ်ပြီး K-Pop မှာ စံချိန်တင်ထားတဲ့ BLACKPINK အဖွဲ့ရဲ့ စံချိန်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ DDU-DU DDU-DU၊ Kill This Love၊ How You Like That၊ BOOMBAYAH သီချင်းတွေနဲ့ K-Pop မှာ You Tube Views (၁)ဘီလီယံကျော်တဲ့ MV (၄)ပိုင်ဆိုင်တဲ့ ပထမဆုံးအနုပညာရှင်တွေအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး အခု BTS က အဲဒီစံချိန်မျိုးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page