K pop

■ အမျိုးသမီးအဆိုတော်အဖွဲ့တွေထဲမှာ ကမ္ဘာ့စံချိန်သစ် ရေးထိုးခဲ့တဲ့ BLACKPINK

— – – BLACKPINK ဟာ THE ALBUM နဲ့ ကမ္ဘာ့အမျိုးသမီးအဆိုတော်အဖွဲ့တွေထဲမှာ …

ကမ္ဘာကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ဟာ သူတို့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ THE ALBUM နဲ့ Spotify မှာ Stream ပြုလုပ်မှု (၁.၆)ဘီလီယံပြည့်မြောက်တဲ့ အမြန်ဆုံး အမျိုးသမီးအဖွဲ့ဆိုတဲ့ ကမ္ဘာ့စံချိန်သစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဇူလိုင် (၂၆)ရက်မှာ BLACKPINK အဖွဲ့ရဲ့ THE ALBUM ဟာ Spotify မှာ Stream ပြုလုပ်မှု (၁.၆)ဘီလီယံ ပြည့်မြောက်ခဲ့တာဖြစ်ပြီး အရင်က စံချိန်ရှင်ဖြစ်တဲ့ Little Mix အဖွဲ့ရဲ့ Glory Days ဆိုတဲ့ Album ကို ကျော်ဖြတ်ကာ အမြန်ဆုံးဖြစ်လာခဲ့တာပါ။

Little Mix အဖွဲ့ရဲ့ Glory Days ဟာ (၃၃)လအတွင်း Spotify မှာ Stream ပြုလုပ်မှု (၁.၆)ဘီလီယံပြည့်မြောက်ခဲ့တာဖြစ်ပြီး BLACKPINK အဖွဲ့ရဲ့ THE ALBUM ကတော့ (၉)လကျော်အတွင်းမှာ အဲဒီအမှတ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ THE ALBUM ကို ၂၀၂၀ အောက်တိုဘာ (၂)ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း THE ALBUM မှာ ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့တွေမှာ Spotify မှာ Stream ပြုလုပ်မှုအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

ဒါ့ပြင် BLACKPINK အဖွဲ့ဟာ Spotify မှာ တစ်လကို Stream ပြုလုပ်ခံရမှု (၁၄)သန်းကျော်ရှိပြီး အမျိုးသမီးအဆိုတော်အဖွဲ့တွေထဲမှာတော့ အများဆုံးပမာဏဖြစ်တယ်လို့ သိရပါတယ်။

Ref: KSZ

You cannot copy content of this page