K pop

■ Guitar Rhythm နဲ့ ချိုမြိန်လွန်းတဲ့ D.O. ရဲ့ Rose

— – – ချိုမြိန်လွန်းတဲ့ D.O. ရဲ့ Rose ကို ခံစားရင်း သူရဲ့ ပွဲထွက် Album ဖြစ်ပေါ်လာပုံကို …

EXO အဖွဲ့ဝင် D.O. ဟာ ပရိသတ်တွေ မျှော်လင့်နေတဲ့ သူ့ရဲ့ ပွဲထွက် Album ကို ဇူလိုင် (၂၆)ရက်မှာ ထုတ်ဝေခဲ့ပြီး ခေါင်းစီးသီချင်းဖြစ်တဲ့ Rose ကိုလည်း You Tube မှာ လွှင့်တင်ခဲ့တာပါ။

D.O. ရဲ့ ပွဲထွက် Album က “Empathy” ဖြစ်ပြီး သီချင်း (၈)ပုဒ် ပါဝင်ကာ သီချင်းတွေကတော့ ဂစ်တာသံနဲ့ ချိုမြိန်တဲ့ Acoustic Music တွေကို ခံစားရမှာ ဖြစ်ပါတယ်။

Acoustic Music ပုံစံကို ရွေးချယ်ခဲ့ခြင်းနဲ့ပတ်သက်လို့ D.O. က “ကျွန်တော့်ရဲ့ ပထမဆုံး Solo Album ဖြစ်တာကြောင့် ကျွန်တော် လုပ်ချင်တဲ့ Music ပုံစံကိုပဲ လုပ်သင့်တယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။

ကျွန်တော်ဟာ Acoustic Guitar သံကို နှစ်သက်ပြီး အဲဒီလိုသီချင်းတွေကို နားထောင်တဲ့ ပိုပြီးသက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အဲဒီလမ်းကြောင်းအတိုင်း သွားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဆိုပါတယ်။

D.O. ဟာ သူ့ရဲ့ပွဲထွက်သီချင်း Rose ကို Version နှစ်မျိုးနဲ့ ထုတ်ဝေခဲ့တာဖြစ်ပြီး ကိုရီးယား Version ရော အင်္ဂလိပ် Version ပါ ချိုမြိန်လွန်းပြီး ဘယ်လောက်အထိ နားထောင်လို့ ကောင်းတယ်ဆိုတာကို ကိုယ်တိုင်သာ ခံစားလိုက်ပါ။

Ref: Soompi

You cannot copy content of this page