K pop

■ အမေရိကန်က Studio မှာ T.O.P အလုပ်လုပ်နေပြီး BIGBANG ရဲ့ Comeback ကို မြင်တွေ့ရတော့မလား ?

— – – BIGBANG ရဲ့ Comeback ကို မြင်တွေ့ရတော့မလား ? ဒီမေးခွန်းရဲ့ အဖြေက …

Kings of K-Pop လို့ တင်စားကြတဲ့ ကမ္ဘာကျော် BIGBANG အဖွဲ့ဟာ ၂၀၁၆ မှာ MADE ဆိုတဲ့ အလန်းစား Album ကို ထုတ်ဝေပြီးနောက် နားနေတာ (၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေ စစ်မှုထမ်းတာ၊ Controversies တွေကြောင့် BIGBANG ရဲ့ Comeback ကို သူတို့ရဲ့ အမာခံပရိသတ်တွေ ဖြစ်တဲ့ V.I.Ps က စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေတုန်းပါပဲ။

သိပ်မကြာခင်ကတော့ V.I.Ps တွေရဲ့ မျှော်လင့်ချက်ဟာ ပိုပြီးရုပ်လုံးကြွလာခဲ့ပါတယ်။ အကြောင်းကတော့ BIGBANG အဖွဲ့ဝင် rapper T.O.P ဟာ အမေရိကန်က Studio မှာ အလုပ်လုပ်နေတဲ့ ပုံတွေ ထွက်ပေါ်လာတာကြောင့်ပါပဲ။

American music studio ဖြစ်တဲ့ We Working Studios ရဲ့ music manager ဖြစ်တဲ့ Steve Lobel က T.O.P၊ Grammy award ဆုရှင် producers Scott Storch နဲ့ B.Lee တို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါ။

တခြား Grammy ဆို producer တစ်ဦးဖြစ်တဲ့ Diego Ave ကလည်း T.O.P နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် BIGBANG ရဲ့ Comeback သတင်းတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။

T.O.P အနေနဲ့ အခုလို အမေရိကန်က Studio မှာ အလုပ်လုပ်နေတာဟာ သူ့ရဲ့ Comeback အတွက်လား ဒါမှမဟုတ် BIGBANG အတွက်လားဆိုတာ မသေချာပေမဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ Comeback အတွက် စိတ်လှုပ်ရှားနေတာကတော့ အမှန်ပါပဲ။

Ref: KSZ

You cannot copy content of this page