K pop

■ အနုပညာလောကမှာ Xiumin အတွက် အကောင်းဆုံးသူငယ်ချင်းက ဘယ်သူလဲ

— – – Xiumin က Entertainment Industry မှာ သူ့အတွက် အကောင်းဆုံးသူငယ်ချင်းကတော့ …

Channel S ရဲ့ Drink with God 2 မှာ MC အဖြစ် ပါဝင်နေတဲ့ Xiumin ဟာ အဲဒီအစီအစဉ်မှာ EXO အဖွဲ့အကြောင်းနဲ့ အဖွဲ့ဝင်တွေအကြား မေတ္တာတရားအကြောင်းတွေကို ပြောပြခဲ့တာပါ။

အဲဒီအစီအစဉ်မှာ Shin Dong Yup က Entertainment Industry မှာ ဘယ်သူက အကောင်းဆုံးသူငယ်ချင်းလဲလို့ Xiumin ကို မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ Xiumin က “Entertainment Industry မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းတွေကတော့ EXO အဖွဲ့ဝင်တွေပါပဲ။ သူတို့ကို ကျွန်တော် ဘာပဲဖြစ်ဖြစ် ဘယ်အရာပဲ ဖြစ်ဖြစ် အရာရာအားလုံး ရင်ဖွင့်နိုင်တယ်။ ပြောပြနိုင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။

Xiumin အဖြေကို ကြားပြီးနောက် Drink with God 2 ရဲ့ MC တွေနဲ့ ဧည့်သည်တွေက EXO အဖွဲ့ဝင်အပေါ် Xiumin ရဲ့ ခင်တွယ်မှုနဲ့ ယုံကြည်မှုကို ချီးကျူးခဲ့ကြပြီး Xiumin က EXO အဖွဲ့ထဲမှာ သူ့နဲ့ Chemistry အဖြစ်ဆုံးကတော့ အသက်အငယ်ဆုံးအဖွဲ့ဝင် Sehun ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

Ref: KSZ

You cannot copy content of this page