K pop

■ EXO နဲ့ Solo ဘာတွေ ကွာခြားသွားလဲ D.O.

— – – EXO နဲ့ Solo ကွာခြားမှု၊ ဘာလို့ Empathy လို့ အမည်ပေးတာလဲ …

EXO အဖွဲ့ဝင် D.O. ဟာ သူ့ရဲ့ ပထမဆုံး Solo Album ဖြစ်တဲ့ “Empathy” ထုတ်ဝေခဲ့ပြီး EXO အဖွဲ့နဲ့ Solo ဘဝမှာ ဘာတွေ ကွာခြားလဲဆိုတာရယ်၊ ဘာကြောင့် Solo Album ကို “Empathy” လို့ ပေးတာလဲဆိုတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

■ ပထမဆုံး Solo ထုတ်ဝေခြင်းအကြောင်း


“လုံးဝအသစ်တစ်ခုလို ခံစားရပါတယ်။ အရင်တုန်းက ကျွန်တော်ဟာ EXO အဖွဲ့ဝင်တွေနဲ့အတူ သီဆိုလေ့ရှိပေမဲ့ ဒီတစ်ကြိမ်တော့ ကျွန်တော် တစ်ယောက်တည်းပါပဲ။ ဒီတော့ အခက်အခဲတော့ နည်းနည်းရှိတာပေါ့။

ဒါပေမဲ့ အခုလို ထူးခြားပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံကို ရရှိတဲ့အတွက် ကျွန်တော့်အတွက် ကောင်းတယ်လို့ ဆိုရမှာပါ။ ကျွန်တော့်ရဲ့သီချင်းတွေကို လူတွေ ဘယ်လိုမြင်သလဲ သိချင်ပါတယ်”- D.O.

■ Album ကို Empathy လို့ အမည်ပေးရခြင်းအကြောင်း


“Empathy (ကိုယ်ချင်းစာခြင်း) ဆိုတဲ့ စကားက ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ အချိန်မျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီစာသားက အရမ်းကို အင်အားရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်။

ကျွန်တော့်အနေနဲ့ ကောင်းတဲ့အတွေ့အကြုံတွေ၊ လွှမ်းမိုးတဲ့ အားအင်တွေကို နှစ်သက်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပွဲထွက် Album ကို Empathy ဆိုတဲ့ Theme အတိုင်းသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ Empathy ဆိုတာ လူတွေကို ကျွန်တော် ပေးချင်တဲ့ အရာပါပဲ”- D.O.

Ref: Soompi

You cannot copy content of this page