K pop

■ Solo Debut သီချင်းအမည်ကို သဲလွန်စပေးခဲ့တဲ့ Lisa

— – – ပရိသတ်တွေ မျှော်လင့်နေတဲ့ Lisa ရဲ့ Solo Debut သီချင်းအမည်က …

ဇူလိုင်လကုန်တော့မှာဖြစ်လို့ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Solo Debut လည်း ပိုမိုနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Lisa ဟာ Instagram မှာ Solo သီချင်းနဲ့ပတ်သက်လို့ spoiler ပေးခဲ့ပါတယ်။

ပထမဓာတ်ပုံ The Black Label က ပရိုဂျူဆာတွေနဲ့ Lisa အလုပ်လုပ်နေတဲ့ပုံဖြစ်ပြီး ကွန်ပျူတာနဲ့ သူမရဲ့ သီချင်းလုပ်နေပုံဖြစ်ပါတယ်။ The Black Label ရဲ့ ပရိုဂျူဆာတွေကတော့ BLACKPINK ရဲ့ ပင်တိုင်တေးရေးဆရာတွေဖြစ်တဲ့ Teddy, 24 နဲ့ R. Tee တို့ ဖြစ်ပါတယ်။

နောက်တစ်ပုံကတော့ သီချင်းဖိုင်ပုံဖြစ်ပြီး အဲဒီဖိုင်မှာ Lalisa လို့ ရေးထားကာ အဲဒီမှာ ပြသထားတဲ့ “What’s My Name?” ဆိုတဲ့ စာသားကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အဲဒီဟာ Lisa ရဲ့ Solo Debut သီချင်းအမည် ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

“What’s My Name” ဟာ Lisa က သူမရဲ့ IG မှာ တင်ပြီးနောက် Twitter မှာ Trend တောင် ဖြစ်ခဲ့သေးတာပါ။ Lisa ရဲ့ Solo Debut နဲ့ပတ်သက်ပြီး ထွက်မယ့်ရက်စွဲ အတိအကျ မထွက်သေးပေမဲ့ MV ရိုက်ကူးပြီပြီးလို့ သတင်းတွေ ထွက်နေတာကြောင့် သြဂုတ်လအတွင်း ဖြစ်ဖွယ်ရှိတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Ref: Koreaboo

You cannot copy content of this page