K pop

■ IG မှာ တင်ခဲ့တဲ့ စာသားတွေကြောင့် Taeyeon ကို ပရိသတ်တွေ စိတ်ပူနေကြ

— – – (၁၀)ရက်ဆိုရင်လုံလောက်ပါပြီဆိုတဲ့ စာသားအပါအဝင် စိုးရိမ်စရာကောင်းတာတွေ …

ပြီးခဲ့တဲ့ ရက်ပိုင်း IG Story မှာ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဝေမျှခဲ့တဲ့ စာသားတွေကြောင့် ပရိသတ်တွေဟာ သူမအတွက် အထူးသဖြင့် သူမရဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ပူနေကြပါတယ်။

IG Story မှာ Taeyeon က “(၁၀)ရက်ဆိုရင် တော်ပါပြီ။ နေရာလွတ်တစ်ခုမှာ တစ်ယောက်တည်း တည်ရှိခြင်းက ဘယ်လောက်တောင် ကျွန်မနဲ့ တူနေရတာလဲ။ စိတ်ပူပန်မှု၊ ခံစားမှုတစ်ခု၊ Mood တစ်ခု သူတို့တွေ စိုးမိုးထားတယ်။

ကြောက်လန့်မှုနယ်ပယ်မှာ လူမှုဆက်ဆံရေးဆိုတဲ့ စက်ကွင်းက အဆက်အသွယ်မဲ့နေတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ မကောင်းဆိုးဝါးတွေ ရန်က ကာကွယ်ဖို့ တစ်ယောက်ယောက်ကို အမြဲရှာနေကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မကောင်းဆိုးဝါးတွေကို စောင့်ကြည့်ချင်တဲ့သူ တစ်ယောက်မှ မရှိဘူး။

ဆက်ဆံရေးရဲ့ အမည်၊ အချစ်ရေးရဲ့အမည်၊ ကျွန်မကိုယ်တိုင် ကျွန်မရင်ထဲမှာ နှစ်သိမ့်မယ်သူ ဘယ်သူမှ မရှိဘူး။ ကျွန်မတို့ဟာ မကောင်းဆိုးဝါးတွေရဲ့ ရန်ကနေ ပုံးကွယ်ပြီး အဲဒီဂိတ်ကနေ ကုတ်အင်္ကျီဝတ်ပြီး ပြေးနေကြတယ်”လို့ ရေးသားခဲ့တာပါ။

Taeyeon ဟာ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက သူမအနေနဲ့ စိတ်ကျရောဂါ ခံစားနေရတယ်လို့ ပရိသတ်တွေကို ဝန်ခံခဲ့ဖူးပြီး အခုတင်ထားတဲ့ မပီဝိုးတဝါးစာသားတွေဟာလည်း သူမရဲ့စိတ်ကျန်းမာရေးအခြေအနေကို ပြသနေတာဖြစ်တယ်လို့ စိတ်ပညာကျွမ်းကျင်တဲ့ ပရိသတ်တချို့က မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: KSZ

You cannot copy content of this page