— – – Jisoo ရဲ့ ကြင်နာမှုက BLINK ပီစီလေးကို မျက်ရည်တွေ ကျစေခဲ့တာပါ။ အကြောင်းကတော့ …
BLACKPINK အဖွဲ့ဝင် Jisoo ဟာ သူမရဲ့ ပွဲထွက်သရုပ်ဆောင် ဇာတ်လမ်းတွဲ Snowdrop အတွက် အလုပ်ရှုပ်နေပြီး JTBC က အဲဒီဇာတ်လမ်းတွဲကို ၂၀၂၁ ဒုတိယနှစ်ဝက်မှာ ထုတ်လွှင့်ဖို့ ပြင်ဆင်နေတာပါ။
သိပ်မကြာခင်ကတော့ BLINK သေးသေးတစ်ယောက်ဟာ ဇာတ်လမ်းတွဲရိုက်ကွင်းမှာ Jisoo နဲ့ ကံကောင်းစွာ ဆုံတွေခွင့်ရရှိခဲ့ပြီး သူမသိပ်ကြိုက်တဲ့ Jisoo ရဲ့ လက်မှတ်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ BLINK ကောင်မလေးဟာ အိမ်ပြန်လမ်းမှာ ငိုခဲ့တာကြောင့် ဖခင်ဖြစ်သူ အတော်လေးကို အံ့သြခဲ့ရပါသတဲ့။ အဲဒီကောင်မလေးရဲ့ဖခင်က သမီးဖြစ်သူနဲ့ Jisoo ရဲ့ ဇာတ်လမ်းကို အွန်လိုင်းမှာ အခုလို မျှဝေခဲ့ပါတယ်။
BLINK ကောင်မလေးရဲ့ ဖခင်ဖြစ်သူဟာ Snowdrop ရိုက်ကူးရေးအဖွဲ့ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး Jisoo ပရိသတ်ဖြစ်တဲ့ သမီးဖြစ်သူကို ရိုက်ကွင်းကို ခေါ်ကာ Jisoo နဲ့တွေ့ဆုံဖို့ ဖန်တီးပေးခဲ့တာပါ။ ရိုက်ကွင်းမှာ Jisoo နဲ့ ကောင်မလေး တွေ့ဆုံခဲ့ပြီး Jisoo က ကောင်မလေးကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခဲ့သလို၊ ပွေ့ဖက်ပြီး ရည်မှန်းချက်ကြီးကြီးထားဖို့နဲ့ စာကို ကြိုးစားလေ့လာဖို့ မှာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ Jisoo က သူမကို အမှတ်တရလက်မှတ်ထိုးပေးခဲ့တာကြောင့် ကောင်မလေးဟာ Jisoo ရဲ့ နွေးထွေးမှုကြောင့် ပျော်လွန်းလို့ အိမ်ပြန်လမ်းမှာ စကားမပြောနိုင်ဘဲ မျက်ရည်ကျခဲ့တာဖြစ်ပြီး ကောင်မလေးဟာ Jisoo ရဲ့ လက်မှတ်အပြင် Jung Hae In ရဲ့ လက်မှတ်ကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။
Ref: KSZ