K pop

■ TWICE Jihyo ရဲ့ အလန်းစား Body ကြောင့် K Netizen တွေ သရေယို

— – -သရေယိုရလောက်အောင် Sexy ဖြစ်နေပုံတွေကလည်း …

Cosmopolitan Korea ပြုလုပ်ခဲ့တဲ့ Under Armour Korea အတွက် ရိုက်ကူးထားတဲ့ TWICE အဖွဲ့ခေါင်းဆောင် Jihyo ရဲ့ ပုံရိပ်တွေဟာ လက်ရှိမှာ ကိုရီးယားပရိသတ်တွေအကြားမှာ ပျံ့နှံ့နေပြီး ချီးကျူးခံနေရပါတယ်။

Cosmopolitan Korea ရဲ့ သြဂုတ်လထုတ်မယ့် မဂ္ဂဇင်းအတွက် ရိုက်ကူးထားတဲ့ Jihyo ရဲ့ ဓာတ်ပုံတွေဟာ သူမရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပြီး ကျန်းမာကြံ့ခိုင်ပြီး ချိတ်ကြီးဖိုငယ်အသွယ်သွယ်ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။

Jihyo ရဲ့ မဖြူလွန်း၊ ပြေပြစ်ချောမွေ့တဲ့ အသားအရေ၊ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေက အားကစားဝတ်စုံ ဖြစ်တဲ့ Under Armour နဲ့ လိုက်ဖက်လွန်းတာက ပရိသတ်တွေအကြား ပြောစမှတ်ဖြစ်ခဲ့တာပါ။

ဒါ့ပြင် Jihyo ရဲ့ အလှ Standard ဟာ ကိုရီးယား၊ အာရှဘက်က ဆိုတာထက် ဥရောပ၊ အမေရိကန် အလှ Standard လိုမျိုးဖြစ်နေတာကြောင့် ပရိသတ်တွေ သရေယိုခဲ့တာဖြစ်ပြီး အွန်လိုင်းမှာ သူမရဲ့ကောက်ကြောင်းတွေကို ချီးကျူးမဆုံး တပြုံးပြုံးဖြစ်နေကြပါတယ်။

Ref: KSZ

You cannot copy content of this page