— – – ပရိသတ်တွေ သိချင်နေတဲ့ BLACKPINK ရဲ့ 4+1 Project ဆိုတာက …
BLACKPINK အဖွဲ့ဝင် Jennie ဟာ Elle Korea နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ BLACKPINK ရဲ့ လာမယ့် 4+1 Project အပြင် အကြောင်းအရာများစွာကို ပြောကြားခဲ့ပါတယ်။
အဲဒီမှာ ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ BLACKPINK ရဲ့ 4+1 Project နဲ့ ပတ်သက်လို့ Jennie က “အခုအချိန်မှာ BLACKPINK ရဲ့ လာမယ့် 4+1 Project ပတ်သက်လို့ ကျွန်မ မပြောနိုင်သေးတဲ့ အရာများစွာ ရှိပါတယ်။
ပြောနိုင်တာတစ်ခုကတော့ 4+1 Project အတွက် အများကြီး မျှော်လင့်နိုင်တယ်ဆိုတာပါပဲ။ ကျွန်မတို့ အစဉ်အမြဲ အားပေးခဲ့တဲ့ BLINK တွေကို ကျေးဇူးတင်ကြောင်း ပြသဖို့ ကျွန်မတို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
BLINK တွေနဲ့ မတွေ့ရတာကြာပြီဖြစ်ပြီး သူတို့ကို ကျွန်မတို့အားလုံး လွမ်းနေပါတယ်။ တကယ်လို့ ကျွန်မတို့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအနေနဲ့ ကျွန်မတို့ရဲ့ 4+1 Project ကို နှစ်သက်မယ်ဆိုရင် ကျွန်မတို့ အခုထက်ပိုပြီး ပျော်ရွှင်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Ref: AKP