K pop

■ အိုလံပစ်ရေကူး အားကစားသမား Hwang Sunwoo အကြွေရဆုံး အမျိုးသမီး K-pop Idol (၂) ဦး

– – – သူအကြိုက်ဆုံး အမျိုးသမီး K-pop Idol တွေက တခြားမဟုတ်ဘဲ…

တောင်ကိုရီးယား ရေကူးလက်ရွေးစင် Hwang Sunwoo ဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။

သူရဲ့ ယှဉ်ပြိုင်မှုက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အဆင့် (၇) နေရာသာရကာ အိမ်ပြန်မျက်နှာပန်းတော့ မလှခဲ့ပါဘူး။ Hwang Sunwoo က K-pop နယ်ပယ်နဲ့လည်း သိကျွမ်းသူတစ်ယောက် ဖြစ်ပါတယ်။

တစ်ခါတုန်းက သူ့အနေနဲ့ အကြိုက်ဆုံး အမျိုးသမီး K-pop Idol တွေကို ဖွင့်ဟမှု ပြုလုပ်ခဲ့ပါတယ်။ သူအကြိုက်ဆုံးက တခြားမဟုတ်ဘဲ BLACKPINK အဖွဲ့ဝင် Jennie နဲ့ ITZY အဖွဲ့ဝင် Yeji တို့ ဖြစ်ပါတယ်။

“BLACKPINK အဖွဲ့ဝင် Jennie နဲ့ ITZY အဖွဲ့ဝင် Yeji တို့ကို ကျွန်တော် ကြိုက်ပါတယ်။ သူတို့သာ ကျွန်တော်ကို သတိထားမိရင် ပျော်ရွှင်မိမှာပါ”လို့ ် Hwang Sunwoo က ဖွင့်ဟခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲပြီးသွားတဲ့အခါ ITZY အဖွဲ့ဝင် Yeji က Instagram မှာ ် Hwang Sunwoo ကိုလည်း အားပေးနေကြောင်း တင်ခဲ့ကာ ဝန်းရံခဲ့လို့ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့တယ်လို့ ဆိုရမှာပါ ။

-Ref: Koreaboo

You cannot copy content of this page