– – – Tzuyu ကို အိုလံပစ်မြားပစ်မယ်နဲဘာကြောင့်မှားနေရသလဲဆိုတော့…
လက်ရှိမှာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ကျင်းပလျက်ရှိနေတာ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲ နောက်ခံသီချင်းဖွင့်ရာမှာလည်း K-pop သီချင်းတွေ ပါဝင်နေတာပါ။ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် TWICE အဖွဲ့ဝင် Tzuyu ကတော့ ပရိသတ်တစ်ဦးရဲ့ ဆေးထိုးမှုကြောင့် ဘရာဇီးမှာ အိုလံပစ် မြားပစ်မယ်နဲ့ အမှားခံနေရပါတယ်။
ဇူလိုင်လ (၂၆) ရက်နေ့က ဘရာဇီး Twitter အသုံးပြုမှုတစ်ယောက် Idol Star Athletics Championships (ISAC) က Tzuyu ရဲ့ ဓာတ်ပုံကိုတင်ပြီး စနောက်ခဲ့တာပါ။
အဲဒီနောက် ဘရာဇီး Twitter အသုံးပြုတွေကြားမှာTzuyu က ထိုင်ဝမ်မြားပစ်မယ်အထင် ရေပန်းစားလျက် ရှိနေခဲ့တာပါ။ ချက်ချင်းဆိုသလို ISAC က Tzuyu ရဲ့ ပုံရိပ်တွေ၊ ဗီဒီယိုတွေများစွာ သူတို့အကြား ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
နောက်တော့မှ ပရိသတ်တစ်ယောက်က သူက မြားပစ်မယ်မဟုတ်ဘဲ K-pop အဆိုတော်ဖြစ်ကြောင်း အကြောင်းစုံကို ပြန်လည်ရှင်းပြခဲ့ပါတယ်။
-Ref: Koreaboo