K pop

■ သူမတို့စုံတွဲ နားလည်မှုရှိပြီး ရွှေလက်ခိုင်မြဲနေတဲ့အကြောင်းကို Sooyoung ဖွင့်ဟ

– – -သူမတို့ရဲ့ အချစ်အိမ်လေး အမြဲတမ်း နွေးထွေးနေရခြင်းရဲ့အဓိကသော့ချက်ကို Sooyoung က ဖွင့်ဟခဲ့တာပါ။

တစ်ယောက်နဲ့တစ်ယောက် ကာလရှည် နားလည်မှုရှိရှိချစ်ဖို့ဆိုတာ အရမ်းခက်ခဲတာမျိုး မဟုတ်ပေမယ့်လည်း ထင်သလောက် လွယ်ကူတဲ့အရာလည်း မဟုတ်ပါဘူး။

နှစ်ကာလ ဘယ်လောက်ကြာကြာ တစ်ယောက်အပေါ်တစ်ယောက် ရင်ခုန်သံတွေ အေးစက်မသွားစေဖို့၊ ခံစားချက်တွေ အမြဲတမ်း နွေးထွေးစေနိုင်ဖို့ ပြုလုပ်ရတာသိပ်တော့လည်း မလွယ်လှပါဘူး။

ဒါကြောင့် ချစ်သူသက်တမ်း ကြာမြင့်လာပြီဖြစ်တဲ့ Sooyoung နဲ့ Jung Kyung Ho တို့အတွဲဟာ ကိုရီးယားနယ်ပယ်ထဲ လေးစားအားကျစရာကောင်းတဲ့ စုံတွဲတွေထဲကတစ်တွဲအဖြစ် သတ်မှတ်ခံထားရတာပါ။

ှSooyoung ဟာ Xportnews နဲ့ အင်တာဗျူးမှာတော့ သူမတို့ရဲ့ Relationship ခိုင်မြဲနေရခြင်းအကြောင်း၊ Jung Kyung Ho က သူမအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုတာ ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့နှစ်ယောက်ရဲ့ ပုံစံချင်းက တူပါတယ်။ နောက်ပြီး ကျွန်မတို့က နယ်ပယ်အတူတူမှာ အလုပ်လုပ်နေကြတာပါ။ ဒါက ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အများကြီး ရှိစေပါတယ်။ Jung Kyung Ho က ကျွန်မကို အမြဲတမ်း အားပေးတတ်တဲ့သူမျိုးပါ။ ကျွန်မကို တကယ့်ကို အားပေးထောက်ပံ့ပေးတဲ့သူပါ”လို့ Sooyoung က ဖွင့်ဟခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page