K pop

■ Data Usage အတွက် စိတ်ပူခဲ့တဲ့ Rosé ကို ပရိသတ်များ အံ့သြ

— – – Live broadcast မှာ မထင်မှတ်တဲ့ Rosé ရဲ့ ပူပန်မှုအတွက် ပရိသတ်တွေ အံ့သြခဲ့ကြတာပါ။

BLACKPINK အဖွဲ့ဝင် Rosé ဟာ သိပ်မကြာခင်မှာ အိပ်ယာပေါ်မှာ လဲလျောင်းရင်း ပရိသတ်တွေအတွက် Instagram ကတစ်ဆင့် Live broadcast လုပ်ခဲ့ပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့ပါတယ်။

အဲဒီလို Live broadcast လုပ်နေတုန်းမှာ Rosé ဟာ သူမရဲ့ Cellular Data Usage ကို ကြည့်ပြီး အံ့သြသွားခဲ့တာပါ။ Rosé က “ကျွန်မက Data (၅၀) ရာခိုင်နှုန်းတောင် သုံးပြီးသွားပြီးတဲ့။ အဲဒီအချိန်လေးအတွင်းမှာလေ”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Rosé ဟာ အိမ်သုံးအင်တာနက်ကို မသုံးဘဲ ဖုန်းအင်တာနက်ကို သုံးမိကြောင်း သိရှိသွားခဲ့တာဖြစ်ပြီး “ဒါဆို ကျွန်မရဲ့ Data က နှေးသွားမှာလား”ဆိုပြီး စိတ်ပူခဲ့တာပါ။

အဲဒီနောက်မှာတော့ လကုန်ခါနီး ဖြစ်နေတာကို Rosé သတိရသွားခဲ့ပြီး “လကုန်တော့မှာပဲ။ တော်ပါသေးရဲ့။ ဒီလကုန်ဖို့ သိပ်မကြာတော့ဘူးပဲ”ဆိုပြီး ပြောခဲ့ပြန်ပါတယ်။

Rosé ရဲ့ အဲဒီဖြစ်ရပ်ကို မြင်ပြီးနောက်မှာတော့ ပရိသတ်တွေက အံ့သြခဲ့ကြပြီး “Rosé က unlimited data သုံးတာ မဟုတ်ဘူးလား” “ဘောစီမမ စိတ်ပူနေပုံက ချစ်စရာလေး” “Rosé ကတော့ သူချမ်းသာကို မေ့နေတယ် ထင်တာပဲ” စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Source: Insight & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page