K pop

■ SM Entertainment ကို ချေခဲ့ကြတဲ့ K-pop Idol များ

– – – ဒီ Idol တွေဟာ SM Entertainmaent က ခေါ်တာကိုတောင် ခပ်ချေချေ တုံ့ပြန်ခဲ့ကြတာပါ။

Sehun (EXO)

Sehun ရဲ့အကြောင်းကတော့ အားလုံးသိပြီးသာပါ။ သူငယ်ချင်းတွေနဲ့ တော့ပုကီစားနေတဲ့ Sehun ကို SM ကင်းထောက်က တွေ့ရှိသွားပြီး ဆက်သွယ်ခဲ့တာပါ။ အဲဒီမှာ အစပိုင်းမှာတော့ Sehun က လက်မခံဘဲ ထွက်ပြေးခဲ့သေးတာပါ။

Taeyong (NCT)

NCT အဖွဲ့ဝင် Taeyong ကလည်း သူ့ရဲ့ ထူးခြားလွန်းတဲ့ Visual ကြောင့် လမ်းမထက်ကနေ SM casting manager က ရှာတွေ့ခဲ့တာပါ။ အဲဒီအချိန်တုန်းက Taeyong ဟာ K-pop ဆိုတာ နားမလည်သေးလို့ အဖြေပေးဖို့ တုံ့ဆိုင်းခဲ့ပါတယ်။

Minho (SHINee)

Minho ကိုတော့ SM ရဲ့ Casting Manager က ski resort မှာ တွေ့ရှိခဲ့တာပါ။ အဲဒီတုန်းကတော့ Minho ဟာ မန်နေဂျာရဲ့ ကမ်းလှမ်းမှုကို အစပိုင်းမှာ ငြင်းဆန်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ SM က လက်မလျှော့ဘဲ တခြားမန်နေဂျာတစ်ဦးနဲ့ ထပ်မံကြိုးပမ်းခဲ့ရာမှာတော့ Minho က ဆုံးဖြတ်ချက်ကို ပြင်ခဲ့ပါတယ်။

Sooyoung (Girls’ Generation)

Sooyoung ကို SM Casting Manager က Mall တစ်ခုထဲမှာ တွေ့ခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ Sooyoung က ငြင်းခဲ့တာပါ။ နောက်ပိုင်း (၃) ကြိမ်တိတိ ကမ်းလှမ်းမှသာ Sooyoung က လက်ခံခဲ့ပြီး Audition ဝင်ခဲ့တာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page