Celebrity

■ သူငယ်ချင်းဖြစ်သူရဲ့ ပထမဆုံး Solo ကို အားပေးခဲ့တဲ့ Lee Kwang Soo

—- သရုပ်ဆောင် Lee Kwang Soo နဲ့ EXO အဖွဲ့ဝင် D.O. တို့ ဘယ်လောက်ထိ ရင်းနှီးကြတယ်ဆို တာ EXO-L တွေ သိပါတယ်…

ဇူလိုင်လ 26 ရက်နေ့က EXO-L တွေ မျှော်လင့်နေကြတဲ့ EXO အဖွဲ့ဝင် D.O. ရဲ့ ပထမဆုံး Solo Mini Album ‘Empathy’ ဟာ ထွက်ရှိလို့ လာခဲ့ပါတယ်။ D.O. ဟာ သူ့ရဲ့ ပထမဆုံး Solo Mini Album ‘Empathy’ Title Track ‘Rose’ ထွက်ပြီး မကြာခင် သူငယ်ချင်းအရင်းခေါက်ခေါက် ဖြစ်သူ Lee Kwang Soo ဟာ သူငယ်ချင်းအတွက် အားပေးထောက်ခံခဲ့ပါတယ်။

Lee Kwang Soo ဟာ D.O. ရဲ့ Title Track ‘Rose’ ကို နားထောင်ပြီး Streaming လုပ်နေတဲ့ Screen Shot ကို သူ့ရဲ့ Instagram Story မှာ တင်ခဲ့တာဖြစ်ပါတယ်။ Lee Kwang Soo ဟာလည်း D.O. ရဲ့ Acoustic Guitar သံစဉ်ကို ကြိုက်နှစ်သက်ကာ နားထောင်နေပုံပါပဲ။

D.O. ရဲ့ Lee Kwang Soo တို့ဟာ 2014 ခုနှစ်က SBS drama series ‘It’s Okay, It’s Love’ မှာ အတူတူပါဝင်ခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်အထိ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြတာဖြစ်ပါ တယ်။

D.O. ရဲ့ ပထမဆုံး Solo Mini Album ‘Empathy’ ဟာ ထုတ်လွှင့်ပြီး မကြာခင် 59 နိုင်ငံရဲ့ iTunes Album Chart တွေမှာ #1 ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page