Celebrity

■ ဗီဒီယိုဂိမ်း စွဲလမ်းလွန်းလို့ EX နဲ့ ပြတ်ခဲ့ဖူးတယ်လို့ Heechul ဖွင့်ဟ

— Heechul က သူဟာ ဗီဒီယိုဂိမ်း စွဲလမ်းလွန်းလို့ အတိတ်က EX နဲ့ ပြတ်ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါ တယ်။

Super Junior အဖွဲ့ဝင် Heechul ဟာ အဆိုပါအကြောင်းကို ဇူလိုင်လ 28 ရက်နေ့က ပြသခဲ့တဲ့ MBN’s ‘Fallen for Korea – International Couple’ အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ဟာ နိုင်ငံခြားသား အိမ်ထောင်ရှင် အမျိုးသမီးတွေ ပူးပေါင်းပါဝင်ကြတဲ့ အစီအစဉ် တစ်ခုဖြစ်သလို သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ အိမ်ထောင်ရေးအကြောင်းအချို့ကို ဆွေးနွေးကြတာလည်းဖြစ် ပါတယ်။ အစီအစဉ်အတွင်းမှာ နိုင်ငံခြားသား အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက သူမရဲ့ ယောကျာ်း ဖြစ်သူဟာ မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဂိမ်းကို နှစ်သက်စွဲလမ်းလွန်းလို့ စိတ်အနှောက်အယှက်ဖြစ် ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီမှာ Heechul က သူဟာလည်း အရင်တုန်းက ဗီဒီယိုဂိမ်းကို စွဲလမ်းလွန်းလို့ အတိတ်က Ex နဲ့ ပြတ်ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့တာပါ။ Heechul က အဲဒီလို ပြောတဲ့အခါ MC တစ်ဦးဖြစ်သူ Kim Won Hee က “ ဒါဆိုရင် မင်းအနေနဲ့ လက်မထပ်ခင် ဂိမ်းကစားတာကို ဖြတ်သင့်တယ်ထင်တယ်” လို့ အကြံပေး ပြောဆိုခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page