— ဇူလိုင်လ 26 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ပထမဆုံး Solo Mini Album နဲ့ပတ်သက်ပြီး D.O. ဘာတွေ ပြောထားသလဲဆိုတာကို…
ပထမဆုံးအနေနဲ့ D.O. ဟာ သူ့ရဲ့ ပထမဆုံး Solo Album မှာ Acoustic သံစဉ်ကို ဘာကြောင့် ရွေးချယ်ခဲ့သလဲဆိုတာကို ပြောပြခဲ့ပါတယ်။
D.O. က “ ကျွန်တော့်ရဲ့ ပထမဆုံး Solo Album မှာ Acoustic သံစဉ်ကို အဓိကထားချင်တာဖြစ်ပြီး ကျွန်တော် လုပ်ချင်ခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ တကယ်တော့ ပုဂ္ဂိုလ်ရေးအနေနဲ့ ကျွန်တော်ဟာ Acoustic Guitar အသံကို အလွန်နှစ်သက်သူဖြစ်ပါတယ်။ အဲဒီအသံဟာ ကျွန်တော့်အတွက် အလွန် သာယာနာပျော်ဖွယ်ဖြစ်ပြီး နားထောင်ရတာ သက်သောင့်သက်သာဖြစ်စေပါတယ်” လို့ ပြောခဲ့ပါ တယ်။
ထပ်ပြီးတော့ D.O. ဟာ သူ့ရဲ့ Solo Album ထဲမှာ Title Track ‘Rose’ ကို English Version တစ်ပုဒ်၊ B-side Track ‘It’s Love’ ကို စပိန် Version “Si Fueras Mia” စတဲ့ သီချင်းနှစ်ပုဒ် ဘာ ကြောင့် ထည့်သွင်းခဲ့တာလည်းဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“ သီချင်းတွေကို ကျွန်တော် လက်ခံရရှိကတည်းက ဒီ သီချင်းနှစ်ပုဒ်ဟာ English Version ရော စပိန် Version ရော ရှိနေခဲ့ပါတယ်။ သီချင်းနှစ်ပုဒ်စလုံးရဲ့ Lyric Mood တွေကိုလည်း ကျွန်တော်နှစ်သက်ပါ တယ်။ ဒါကြောင့်လည်း Version တွေကို ကျွန်တော် ဆိုဖြစ်ခဲ့တာပါ” – D.O.
နောက်ဆုံးအနေနဲ့ D.O. က EXO-L တွေကို ဒီလို မက်ဆေ့ချ်ပို့ပေးခဲ့ပါတယ်။
“ ဟဲလို…ပရိသတ်တွေ… EXO D.O. ပါ။ ပထမဆုံး Solo Album နဲ့ မင်းတို့ဆီ ပြန်လာပါပြီ။ ကျွန်တော့် ရဲ့ ပထမဆုံး Solo Album ဖြစ်တဲ့ စိတ်လှုပ်ရှားနေပါတယ်။ သီချင်းတွေကနေ နားထောင်သူတွေ တစ်စုံတစ်ခု အကောင်းဘက်ဦးတည်တဲ့ အင်အားဖြစ်စေဖို့ အကောင်းဆုံးကြိုးစားထားပါတယ်။ အား လုံးလည်း သီချင်းတွေနားထောင်ပြီး ပျော်ရွှင်မယ်လို့ ထင်ပါတယ်။ ကျေးဇူးပြုပြီး အစားအသောက်တွေ များများစားပြီး ကျန်းမာအောင်နေပါ”
-D.O.
-m2t
Ref: Allkpop