K pop

■ သမီးဖြစ်သူက Junkgook ရဲ့ Bias ဖြစ်နေတဲ့အပေါ် Kim Hee Sun ရဲ့ အမြင်

– – -သူမဟာ BTS အဖွဲ့ အမာခံပရိသတ်ဖြစ်ပြီး BTS သီချင်းကို Youtube မှာ…

နောက်ပိုင်းမှာ အနုပညာရှင်တွေရဲ့ သားသမီးတွေက BTS အဖွဲ့ရဲ့ ပရိသတ်ဖြစ်ကြောင်း တွေ့မြင်လာရတာတွေ တွေ့နေရပါတယ်။

Penthouse မင်သမီး Eugene ကနေ အမေရိကန်မင်းသမီး Gabrielle Union တို့က သူတို့ရဲ့ ကလေးတွေဟာ BTS အဖွဲ့ ပရိသတ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့တာပါ။

အခုအခါမှာလည်း Honeymoon Tavern အစီအစဉ်မှာ နာမည်ကျော်မင်းသမီး Kim Hee Sun က သူမရဲ့ သမီးဖြစ်သူက BTS အဖွဲ့ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

သူမရဲ့ သမီးဖြစ်သူက Park Yeon Ah လို့ အမည်ရပြီး အသက် (၁၂) နှစ်ရှိပါပြီ။ သူမဟာ BTS အဖွဲ့ အမာခံပရိသတ်ဖြစ်ပြီး BTS သီချင်းကို Youtube မှာ Stream တာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ Kim Hee Sun က ဖွင့်ဟခဲ့ပါတယ်။

“အမေရေ..MV အသစ်က နာရီပိုင်းအတွင်းမှာပဲ Views သန်း (၁၀၀) ကျော်သွားပြီ ဆိုတာမျိုး သမီးက ကျွန်မကိုပြောလလေ့ရှိပါတယ်”လို့ Kim Hee Sun က ဆိုခဲ့ပါတယ်။ BTS အဖွဲ့ထဲမှာမှ သူမရဲ့သမီးဟာ Jungkook ကို အနှစ်သက်ဆုံးဖြစ်ပြီး Oppa လို့ခေါ်လေ့ရှိကြောင်း ဆိုပါတယ်။

သူမရဲ့ သမီးအနေနဲ့ BTS ကို အားပေးတဲ့ပုံစံက လွန်များလွန်နေမလားဆိုပြီး စိုးရိမ်မိကြောင်းလည်း Kim Hee Sun က ဆိုခဲ့ပါတယ်။

-Ref: Koraeboo

You cannot copy content of this page