K pop

■Red Velvet ရဲ့ Comeback သစ်မှာ ပါဝင်လာမဲ့ Irene အနေနဲ့ ပရိသတ်တွေရဲ့ ထောက်ခံမှုကို ရရဲ့လား

– – – Rev Velvet ရဲ့ Comeback မှာ ကာလအတန်ကြာ လှုပ်ရှားမှုတွေနဲ့ ကင်းဝေးနေခဲ့တဲ့ Irene အနေနဲ့…

Red Velvet အဖွဲ့ဟာ နောက်ဆုံးမှာ ပရိသတ်တွေ ကာလရှည်စောင့်မျှော်နေတဲ့ Comeback ကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

သြဂုတ်လအတွင်း Red Velvet အနေနဲ့ Comeback ပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင်လ (၂၅) ရက်နေ့မှာတော့ SM က Somethin Kinda Crazy ဆိုတဲ့ Teaser Video ကို ထုတ်ဝေခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ Red Velvet အဖွဲ့ဝင်တွေကို အဓိက ဆွဲဆောင်ခဲ့တဲ့ အဖွဲ့ဝင်ကတော့ Irene ဖြစ်ခဲ့တာပါ။ Irene ဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ဖြစ်ရပ်တွေကြောင့် လှုပ်ရှားမှုတွေနဲ့ ကင်းဝေးခဲ့ရသူပါ။

ဒါကြောင့် အခုလိုမျိုး Irene အနေနဲ့ ပြန်လည်ပါဝင်လာမှုကို ပရိသတ်တွေက အားပေးဝန်းရံခဲ့ကြပါတယ်။ “Juhyun ရေ စောင့်ရတာ အရမ်းကြာသွားပါပြီ။ မင်း အရမ်းလှနေတ်ယ်နော်” “Irene ကိုပြန်မြင်ရတာ စိတ်လှုပ်ရှားစရာပါပဲ”စသဖြင့် မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page